Pages

06/06/2012

Upload မလုပ်ဘဲ File share ကြမယ်

ဒီနည်းလမ်းလေးက သိထားသူများလည်း ရှိကြပေမယ့် ရုတ်တရက် ဖိုင်ဆိုက်အကြီးတွေ ပို့ချင်ပြီဆိုရင် မေ့နေတတ်ကြပါတယ်။ ရုံးလုပ်ငန်းဆိုင်ရာနဲ့ မိသားစု၊ မိတ်ဆွေအချင်းချင်း ဖိုင်ဆိုက်ကြီးကြီးမားမားတွေ Upload လုပ်စရာမလိုဘဲ ချက်ချင်းပေးနိုင်တယ်ဆိုတော့ အချိန်ကုန် အတော်သက်သာသွားပါတယ်။ Opera Web Browser ကို အသုံးပြုရပါမယ်။
အသုံးပြုပုံကတော့...
၁။ Opera web browser ကို Download ယူပြီး သင့်စက်ထဲ သွင်းထားလိုက်ပါ။ Click
၂။ စက်ထဲ Install လုပ်ပြီးတာနဲ့ my.opera.com မှာ အကောင့်တစ်ခု ဆောက်လိုက်ပါ။ Click
၃။ အောက်ပါအတိုင်း my.opera.com မှ ကိုယ်ပိုင်စာမျက်နှာတစ်ခုကို ရရှိလာတာနဲ့ Menu bar ထဲက Unite ကို ကလစ်နှိပ်ပါ။ Unite page ပေါ်လာလျှင် Discover Opera Unite ကို ကလစ်ထပ်နှိပ်ပါ။



၎။ Application များစွာပါရှိတဲ့ စာမျက်နှာမြင်တွေ့ရပြီဆိုရင် အောက်ပါပုံအတိုင်း File Sharing ကို install application ကို ကလစ်နှိပ်လိုက်ပါ။

၅။ အပိုင်း ၂ မှာ ဆောက်ခဲ့တဲ့ အကောင့် နံမည်နဲ့ လျှို့ဝှက်စာကို ဤနေရာတွင် ဖြည့်ပါ။ အင်တာနက်ကဖေးတွင် အသုံးပြုသူများ Remember Password ကို အမှန်ခြစ်ဖြုတ်ဖို့ အကြံပြုချင်ပါတယ်။ ပြီလျှင် OK ကို ကလစ်နှိပ်ပါ။ နောက်တစ်မျက်နှာမှာ အမည်ရွေးခိုင်း ပြီး Setting ကိုလည်း ရွေးခိုင်းလာပါလိမ့်မယ်။ OK ကိုသာ ကလစ်နှိပ်လိုက်ပါ။

၆။ ဘယ်ဘက်နားမှာ Opera Panel မမြင်တွေ့ဘူးဆိုလျှင် ဘယ်ဘက်အောက်ခြေ ထောင့်နားမှာရှိတဲ့ Panel ပုံစံငယ်ကို ကလစ်လုပ်ပါ။

၇။ Panel မြင်တွေ့ရပြီဆိုရင် Unite ပုံစံငယ်ကို ကလစ်နှိပ်ပါ။

၈။ File Sharing Setting ပုံစံငယ်ကို ကလစ်နှိပ်ပါ။

၉။ File Sharing အစား မိမိပေးချင်တဲ့ အမည်ကိုရွေးပေးနိုင်ပြီး Choose ကိုကလစ်နှိပ်ပါ။ Window Browser ကျလာပါလိမ့်မယ်။ မိမိပို့ချင်တဲ့ ဖိုင်ထားရှိရာ Folder ကိုရွေးချယ်ပြီး OK ကိုကလစ်နှိပ်လိုက်ပါ။ အဲဒီနေရာမှ အကြံပြုချင်တာကတော့ အင်တာနက်ဆိုင်မှာ အသုံးပြုသူများအတွက် မိမိယူဆောင်လာတဲ့ (Storage Device, Memory Stick, Thumb Drive) ဘယ်လိုပဲခေါ်ခေါ် အဲဒီအထဲက ဖိုင်ကို ဆိုင်သုံးကွန်ပြူတာအတွင်း မှတ်ရလွယ်တဲ့ တစ်နေရာရာကို အရင်ကူးယူထားပြီးမှ ကွန်ပြူတာအတွင်းက Folder နဲ့ပဲ Share စေချင်ပါတယ်။ USB နဲ့ ချိတ်ဆက်ထားတဲ့ Storage Device ထဲကနေ Share မယ်ဆိုရင် USB Data Transfer Rate တစ်ဆင့်ခံနေတဲ့အတွက် တစ်ဖက်လူ Download လုပ်ရာမှာ မလိုအပ်ဘဲ အချိန်ကြာမြင့်စေပါတယ်။ တစ်ဖက်လူ Download ပြီးသွားရင်တော့ အင်တာနက်ကဖေး ကွန်ပြူတာထဲ ကူးယူထားခဲ့တဲ့ File ကို ပြန်ဖျက်ခဲ့ဖို့ မမေ့ပါနဲ့ဦး။ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို သတင်းစာထဲ ထည့်ကြော်ငြာသလို ဖြစ်သွားပါလိမ့်မယ်။

၁၀။ ပြီးနောက် မိမိ Share ထားတဲ့ Folder အတွင်းပါရှိတဲ့ File တွေကို မြင်တွေ့ရမှာဖြစ်ပြီး ညာဘက်တွင် Sharing box လေးပေါ်လာမှာဖြစ်ပါတယ်။ အဲဒီမှာ နှစ်ပိုင်းကွဲသွားပါတယ်။ Password ကာထားတာနဲ့ မကာထားတာပါ။ Password ကာထားတဲ့ အင်တာနက်လိပ်စာဟာ Single Click Login box ထဲမှာ ပေါ်နေမှာဖြစ်ပြီး password ကိုလည်း ပြထားပါတယ်။ မိမိစိတ်ကြိုက် password ကိုပြောင်းပြီး save ထားနိုင်ပါတယ်။ အင်တာနက်လိပ်စာကို တစ်ဖက် download ရယူချင်တဲ့သူကို ပေးလိုက်ရပါမယ်။ လူအများကို ပေးချင်တဲ့ အချက်အလက်တွေဆိုရင် password မကာထားတဲ့ Public ကိုရွေးချယ်ပြီး Single Click Login box မှာပါရှိတဲ့ အင်တာနက်လိပ်စာကို တစ်ဖက်လူများအား မျှဝေလိုက်ပါ။ Upload လုပ်စရာမလိုဘဲ တစ်ဖက်လူ Download လုပ်လို့ရသွားပါပြီ။

၁၁။ Panel က မျက်စိရှုပ်လို့ ဖျောက်ထားချင်တယ်ဆိုရင် အဆင့် ၆ မှာဖော်ပြခဲ့တဲ့အတိုင်း Panel ပုံစံငယ်လေးကို ပြန်နှိပ်လိုက်ပါ။ အောက်ပါ နည်းလမ်းနဲ့လည်း Unite page ကို လွယ်ကူစွာ ပြန်သွားနိုင်ပါတယ်။

၁၂။ အရေးအကြီးဆုံးအပိုင်းကို ရောက်ပါပြီ၊ သင့်ရဲ့ Opera web browser ကို တစ်ဖက်လူ Download လုပ်နေချိန်အတွင်း မပိတ်ရပါဘူး။ ပိတ်မိရင်လည်း မေးပါလိမ့်မယ် Exit နဲ့အပြီးပိတ်ပစ်လိုက်ရင် တစ်ဖက်လူ Download ရပ်သွားပါလိမ့်မယ်။ Hide လုပ်ထားမယ်ဆိုရင်တော့ သင့်မြင်ကွင်းကသာ ပျောက်နေပေမဲ့ ညာဘက်အောက် ထောင့်နားမှာ Opera browser ပုံစံငယ်ရှိနေပြီး တစ်ဖက်လူ Download ဆက်လုပ်လို့ရတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Opera ပိတ်လို့မရဘူးဆိုမှတော့ Computer လည်း ပိတ်ထားလို့ မရဘူးပေါ့။ သင့်စက်ထဲက တစ်ဖက်လူတိုက်ရိုက် ယူနေရတာပါ။ ဒါကြောင့် မိသားစု၊ မိတ်ဆွေ၊ လုပ်ငန်းဆိုင်ရာများနဲ့ အင်တာနက်မှာ တွေ့တုန်းလေး မျှဝေဖို့ အဓိကဖြစ်နေပါတယ်။ အားသာချက်ကတော့ Upload လုပ်စရာမလိုတဲ့အပြင် Folder လိုက် မျှဝေပေးထားနိုင်တဲ့အတွက် နှစ်သက်ရာကိုရွေးချယ် Download လုပ်ယူသွားနိုင်တာပါပဲ။ မိမိကွန်ပြူတာ ပိတ်ထားလည်း Download ပေးနေချင်သူများ၊ Upload တင်ခြင်းနဲ့ Download ယူခြင်းကို လေ့လာချင်သူများအတွက် (နေမင်းမောင်) ရဲ့ ပို့စ်ကို ညွှန်ပြလိုက်ပါတယ်။ Click

အခြား Opera Unite များကိုလည်း စမ်းသုံးကြည့်စေချင်ပါတယ်။ လိုအပ်တာရှိရင်လည်း အကြံပြုချက်ရေးသွားနိုင်ပါတယ်။ အဆင်ပြေကြပါစေ။

Source : Opera

မူရင်း။ ။ လမ်းသစ်

No comments: