Pages

19/07/2012

Window icons ပေါ်မှာ မြန်မာဖောင့်မပေါ်ခြင်း

 
ကျွန်တော်တို့လက်ရှိသုံးနေတဲ့ ၀င်းဒိုး မှာ မြန်မာဖောင့်တွေ မပေါ်ပါဘူး၊ ဘာလို့မပေါ်လဲဆိုတော့ သူ့ရဲ့ System  font format နေရာမှာ ဇော်ဂျီကိုမပြောင်းထားပေးတဲ့ အတွက်ပဲဖြစ်ပါတယ်။ အဲလိုအခါကျရင် မြန်မာလိုရေးထားတဲ့ icon နာမည်တွေက လေးထောင့် ဖြစ်နေပါတယ်၊ အဲဒါကို ကျွန်တော်တို့ မြန်မာလိုဖြစ်အောင် ပြောင်းကြည့်ရအောင် ဗျ။
နည်းလမ်း
Desktop ပေါ်မှာ right Click လုပ်ပြီး Properties ကိုသွားပါ။
Desktop background ချိန်းတဲ့ icon ဘေးက Window Color ကိုနှိပ်ပါ။(နမူနာ ဓါတ်ပုံကြည့်ရန်)
Color ရွေးတဲ့နေရာမှာ အောက်ဆုံးက Advanced appearance set...ကိုနှိပ်မယ်။
Window Color and Appearance ဘောင့်စ်တစ်ခုပေါ်လာ ပါလိမ့်မယ်။(နမူနာ ဓါတ်ပုံကြည့်ရန်)
items နေရမှာ icon နဲ့ menu ကိုရွေးရပါလိမ့်မယ်၊ ပထမဦးဆုံး icon ကိုရွေးပြီး Font နေရာမှာ Zawgyi-One ကိုရွေးပေးပါ။ နောက်တစ်ခေါက် items နေရာမှာ menu ကိုရွေးပေးပီး font နေရာမှာ Zawgyi ထားပေးပြီးတော့ Ok လိုက်ပေါ့ဗျာ။(နမူနာ ဓါတ်ပုံကြည့်ရန်)
 အခုအချိန်တွင် အသင့်၏ မြန်မာအမည်နှင့် အိုင်ကွန်(icon) တွေသည် ကြည်လင်တောင့်ပ စွာဖြင့် မြန်မာလို ပေါ်နေတော့ပါမည် :P။ အိုခေ စာဖတ်မနိုင်တဲ့သူတွေအတွက် ဗီဒီယို နဲ့လိုက်လုပ်ရအောင် ပြန်တင်ပေးပါမယ်။
Screen shot တွေကို ကြည့်ချင်ရင်တော့ အပေါ်က နမူနာ ကြည့်ရန် ဆိုတာကို နှိပ်ကြည့်လိုက်ကြပါ။ အားလုံး အဆင်ပြေမယ်လို့ထင်ပါ၏။

No comments: