Pages

30/06/2012

Spyware, viruses, & security : IE security clicker agent

ကျွန်တော်မနက်အိပ်ယာထတော့
နိုးနိုးချင်းကွန်ပျူတာစဖွင့်တယ်
Information ကအသက်တမျှအရေးကြီးသကိုး :)အမှန်ကမေးလ်လေးဘာလေးများပို့ထားတာလေးများရှိမလားလို့ :
Gtalk ဖွင့် Fireboxဖွင့်တယ် အားလုံးပုံမှန်ဘဲ..မနေ့က Journal ဖတ်ဖို့ဆိုပြီးFolder တစ်ခုထဲမှာသိမ်းထားတဲ့
File လေးကိုကြည့်ဖို့လုပ်တော့..အဲဒီမှာတင်ပြဿနာကစတက်တော့တာဘဲ..
Folder ကိုဖွင့်လို့မရတော့ဘူး ဖွင့်လိုက်တာနဲ့ဘဲ IE security clicker agent ဆိုပြီး
Firebox ကြီးဘဲတက်လာတယ် ..သေချာပြီ Virus တော့မိနေပြီလို့..
Virus ၀င်နေရင်ပုံမှန်အတိုင်း format ချခါနီးမှာ မဖြစ်သေးဘူးစမ်းကြည့်ပြီးဖြေရှင်းကြည့်ပါအုံးမယ်လို့
လက်ကျန်ဇွဲလေးကိုအရင်းတည် ပျက်ရင်ပျက်တယ်မှတ်ဆိုတဲ့ တရားသဘောကိုစိတ်လုံးလုံးချပြီး
Spyware, viruses, & security : IE security clicker agent ဆိုတဲ့ Firebox မှာပေါ်တဲ့လင့်လေးကို
သွားပြီးတော့လိုက်စူးစမ်းကြည့်မိတယ်....
လင့်တွေကတော့ အဲဒီProblem နဲ့ပတ်သက်ပြီး forum တွေမှာဆွေးနွေးထားချက်လေးတွေပါ..
ကျွန်တော်လည်းမတောက်တခေါက်အင်္ဂလိပ်စာလေးနဲ့ဘာသာပြန်ကြည့်မိတယ်...
သူတို့ရဲ့အမေးအဖြေလေးတွေကိုပေါ့...အဲ "ဒီဆော့ဝဲလေးက Folderဖွင့်မရတဲ့ပြဿနာနဲ့ Virus တွေကိုရှင်းထုတ်ပေးနိုင် Virus Scan ဖတ်နိုင်တဲ့ဆော့ဝဲလေးဆိုပါကလား "
ဆော့လ်ဝဲနာမည်လေးက SUPERAntiSpyware ဆော့လ်ဝဲလေးပါတဲ့
ကျွန်တော်လည်း သူတို့ပြောတဲ့အတိုင်း Download ချRunပြီး Virus Scan
ဖတ်လိုက်တယ်....Virus Scan ဖတ်တာလည်းတယ်ကြာတယ်သကိုး
ကျွန်တော်လည်းအချိန်ရှိခိုက်လုံ့လစိုက်ပြီးVirus Scan လုပ်နေချိန်မှာ တစ်ရေးအိပ်နေလိုက်တယ်
အိပ်ရေးဝပြီးပြန်ထတော့ Virus Scan ကComplete ဖြစ်နေပြီနေ အဲဒီအခါကျမှ
Virus တွေကို Delete ပေးပြီး Reboot ပေးလိုက်တယ် ပြန်တက်လာတော့
အိုကေမှာစိုပြေသွားတော့တယ်..ခုဆို Virus ရှင်းလူသားကြီးဖြစ်နေပြီပေါ့...:D


ကဲဆော့ဝဲလေးက ဒီမှာပါ
သူငယ်ချင်းတွေလည်း ဒီလိုပြဿနာမျိုးတွေဖြစ်လာရင်
အဆင်ပြေအောင်လို့ပါ ကွန်ပျူတာကောင်းကောင်းနဲ့ချက်ကောင်းကောင်းတက်နိုင်ကြပါစေ..:)


No comments: