Pages

25/06/2012

Blog Post လေးတွေကို ပိုင်းခြားထားကြစို့

ဘလော့ဂ်ကို အခုမှစတင်လေ့လာနေသူများအတွက် ရည်ရွယ်ပြီး ဒီ Post လေးကိုရေးသားရခြင်းဖြစ်ပါတယ်။ မိမိတို့ရေးသားထားတဲ့ Post လေးတွေကို (ကျွန်တော့ဘလော့ဂ်ကဲ့သို့)တစ်ခုနဲ့တစ်ခု ပိုင်းခြားထားချင်တယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့ အဆင့်များအတိုင်း လိုက်လုပ်ကြည့်ကြရအောင်...

၁။    ပထမဦးစွာ..မိမိတို့အသုံးပြုလိုတဲ့ Divider ပုံလေးတွေကို ဖန်းတီး/ရှာဖွေထားဖို့လိုပါမယ်။ Photoshop ကျွမ်းကျင်သူတွေအနေနဲ့ကတော့ အလွယ်တကူဖန်တီးနိုင်ကြမှာပါ။ မလုပ်တတ်ကြရင်လည်း ကိစ္စမရှိ.. အောက်ကပေးထားတဲ့ ပုံလေးတွေထဲက နှစ်သက်ရာတစ်ခုကို ဒေါင်းလုပ်ယူပြီး File Hosting Site တစ်ခုခု (Picasa, Photobucket) တို့တွင် Upload တင်ထားလိုက်ပါ။


၂။     အခုအပေါ်မှာ ပေးထားတဲ့ ပုံလေးတွေရဲ့ width က 650px ပဲရှိပါတယ်။ ဒါကြောင့် မိမိရဲ့ Blog Post width က ဘယ်လောက်ရှိလဲဆိုတာကို သိဖို့လိုအပ်လာပါတယ်။ Blogger ကို Sign In လုပ်ပြီး Layout က Edit HTML ကိုသွားပါ။ အောက်ကပုံအတိုင်း Blog Post Width (Main Wrapper) ကို ကြည့်ရှုနိုင်ပါတယ်။
 

၃။   အပေါ်မှာ ၀ိုင်းပြထားတဲ့နေရာကတော့ မိမိ post ရဲ့အတိုင်းအတာ(pixel) ကိုပြတာပဲဖြစ်ပါတယ်။ အဲဒီအတိုင်းအတာနဲ့တူအောင် မိမိရဲ့ Divider ပုံလေးတွေကိုလည်း adjust လုပ်ဖို့လိုပါတယ်။ Divider ပုံလေးတွေကို Photobucket မှာ Upload တင်မယ်ဆိုရင်တော့ အောက်မှာပြထားတဲ့အတိုင်း Edit ကို Click လုပ်ပြီး Resize လုပ်ခြင်းဖြင့် Image Size ကို adjust လုပ်နိုင်ပါတယ်။ photoshop အသုံးပြုတတ်သူတွေအတွက်ကတော့ အထူးပြောစရာမလိုပါ။


၎။    အခုပြောမယ့်အဆင့်ကတော့ သိပ်အခက်ကြီးမဟုတ်ပေမယ့်.သတိထားဖို့တော့လိုပါမယ်။ Layout -->Edit Html ကိုသွားပြီး မိမိရဲ့ Template ကို Backup လုပ်ထားလိုက်ပါ။ ဒါမှ တစ်ခုခုမှားယွင်းခဲ့ရင်. မိမိရဲ့ ဘလော့ဂ်လေး မပျက်စီးတော့ဘူးပေါ့။ ပြီးရင် အောက်မှာ ၀ိုင်းပြထားတဲ့ Code လေးကို တွေ့အောင်ရှာပါ။ Ctrl+F နဲ့လည်းရှာနိုင်ပါတယ်။

၅။      တွေ့ပြီဆိုရင် အပေါ်က Code လေးကိုဖျက်ပစ်ပြီး အောက်က Code လေးတွေကို အစားသွင်းလိုက်ပါ

.post {
background: url(http://DIVIDERADDRESS.jpg);
background-repeat: no-repeat;
background-position: bottom center;
margin:.5em 0 1.5em;
border-bottom:0px dotted $bordercolor;
padding-bottom:5.5em;
}

၆။      ဒါဆိုရင် အောက်က ပုံအတိုင်း Code လေးကို အစားသွင်းပြီးသားဖြစ်သွားပါလိမ့်မယ်။

၇။   အခု နောက်ဆုံးအဆင့်ကိုရောက်ပါပြီ။ အပေါ်ကပုံမှာ Highlight လုပ်ထားတဲ့နေရာကို မိမိ Upload တင်ထားတဲ့ Divider Image ရဲ့ URL ကို အစားသွင်းပေးလိုက်ပါ။ မိမိရဲ့ Template ကို Save မလုပ်ခင် အရင် Preview ကြည့်လိုက်ပါအုံး။ OK တယ်ဆိုမှ Save လုပ်ပါ။ အဆင်ပြေပါစေ

အသင့်ပြုလုပ်ပြီးသား Divider Image တွေလိုချင်ရင် ဒီမှာ ဒေါင်းလုပ်ယူပါ။

No comments: