Pages

25/06/2012

This copy of window is not genuine ပြဿနာ ဖြေရှင်းနည်း





မိမိတို့ရဲ့ ကွန်ပြူတာကို  Virus ကြောင့်ဖြစ်စေ Error တခုခုကြောင့်ဖြစ်စေ အခြားသော အကြောင်းတစုံတရာကြောင့်ဖြစ်စေ ဖြေရှင်းမရတဲ့ အဆုံး Window ပြန်တင်တတ်ကြတာ လူတိုင်းပါပဲ...။
ဒီလို ဝင်းဒိုး ပြန်တင်လိုက်တာ သိပ်အခတ်အခဲ မရှိပေမဲ့ အပေါ်ကပုံထဲကလို နောက်ခံ အမည်းရောင်ကြီးနဲ့  This copy of window is not genuine  ဆိုတဲ့ လိုင်စင် ဗားရှင်း မဟုတ်ပါဘူးဆိုပြီး
Activation Key တောင်းနေတဲ့ ပြဿနာမျိုးကြုံလာတတ်ပါတယ် ။
 အဲဒီပြဿနာကို တခါတလေမှာ Loader လေးတခုခုကို Run ပေးလိုက်တာနဲ့ အဆင်ပြေသွားတာမျိုးရှိသလို ရှိသမျှ Loader တွေ အကုန်လုံး Run ပေးလဲ ဘယ် Loader နဲ့မှ ဖြေရှင်း မရနိုင်တာမျိုးကြုံတွေ့ရတတ်ပါတယ်..။(ကျနော့ လက်တွေ့ပါ) ဒါကြောင့်.... ကျနော့ Blog လေးထဲမှာ လာရောက်လည်ပတ်ပြီး နည်းပညာ တွေ လေ့လာနေကြတဲ့ သူတွေထဲက တစ်ယောက်ယောက်များ... ဒီလိုပြဿနာမျိုး ကြုံလာခဲ့ရင် အလွယ်တကူ ဖြေရှင်းနိုင်အောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်...။( အောက်မှာတင်ပေးလိုက်တဲ့ ဆော့ဝဲလ်လေး တွေနဲ့ဖြေရှင်းလိုက်တာပါ..။) အသုံးပြုပုံ အရမ်းရိုးရှင်း တဲ့အတွက် ထပ်ရှင်းမပြလိုက်တော့ပါဘူး..:D


Download RemoveWAT v2.2.5.2

  1. Download tool  RemoveWAT v2.2.5.2
  2. Open The RemoveWAT
  3. Click RemoveWAT to start the process. 



အပေါ်က RemoveWAT ကို Run ပြီးရင် ဒီအောက်မှာ တင်ပေးလိုက်တဲ့ Loader လေးကို ဒေါင်းယူပြီး Run ပါ ပြီးရင် ကိုယ့်ကွန်ပြူတာ ရဲ့ အမျိုးအစားကို ရွေးပေးပြီး အောက်ဆုံးက အလယ်တည့်တည့် က Install / Remove Loader လေးကို နှိပ်ပေးပြီး ကျန်တာ သူ့ဘာသာသူ အလုပ် လုပ်သွားပါလိမ့်မယ်...။


Download Loader 1.6

အားလုံးပျော်ရွှင်ကြပါစေ...။

 ဒီဆော့ဝဲလ် တွေနဲ့ အဆင်မပြေသေးရင် C-box , Facebook ,Comment  တနေရာရာကနေပြောခဲ့ပါ နောက်ထပ် Loader တွေတင်ပေးပါ့မယ်.. ခုတော့ Upload မတင်ရသေးဘူး...:)


မူရင်း။          ။ဝင်းကမ္ဘာကျော်(နည်းပညာမှတ်တမ်း)

No comments: