Pages

03/06/2012

ကွန်ပျူတာလုံခြုံရေးအတွက် သိထားသင့်တဲ့ TCPview

  
ကွန်ပျူတာလုံခြုံရေးအတွက် သိထားသင့်တဲ့ Tools တစ်ခုကို ဒီတစ်ပတ် အိုင်တီဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။

ဒီနေ့ခေတ် ကွန်ပျူတာဗိုင်းရပ်စ်တွေက ကွန်ပျူတာစက်အစိတ်အပိုင်းတွေကို ဖျက်ဆီးတာထက် စက်ထဲမှာရှိတဲ့ အရေးကြီး အချက်အလက်တွေ၊ လုံခြုံရေးစကားဝှက်တွေကို ခိုးယူတာက ပိုများပါတယ်။

ဒီလိုခိုးယူနိုင်ဖို့ ကွန်ပျူတာထဲမှာ ခိုအောင်းပြီး စောင့်ကြည့်အနေအထားနဲ့ ချောင်းမြောင်းနေတဲ့ ပရိုဂရမ်တွေကို စက်တွေထဲမှာ ကူးစက်ထည့်သွင်းကြပါတယ်။

၎င်းပရိုဂရမ်တွေကို Rootkit, Spyware, Trojanစသဖြင့် ကွန်ပျူတာ ဗိုင်းရပ်စ် အမည်တပ်ခေါ်ဆိုကြပါတယ်။ Trojan တွေ၊ Rootkit တွေ ကွန်ပျူတာထဲမှာ ၀င်ရောက်နေပြီဆိုရင်တော့ စက်ဟာ နှေးသထက်နှေးလာပါလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ မိမိစက်ကနေ အချက်အလက်တွေ ရယူပေးပို့နိုင်ဖို့ ကွန်ရက်ဆက်သွယ်ရေးလမ်းကြောင်းတွေ ရှာဖွေ ချိတ်ဆက်နေလို့ ဖြစ်ပါတယ်။

ကွန်ပျူတာကွန်ရက်ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်း (Transport Layer) ခေါ် အင်တာနက်ဆက်သွယ်မှုနည်း နှစ်မျိုးရှိပါတယ်။

TCP (Transmission Control Protocol) နဲ့ UDP (User Datagram Protocol) တို့ ဖြစ်ပါတယ်။

Protocol တွေကနေ ဆက်သွယ်မှုဝင်ထွက်ပေါက် (Port)ကို ဖြတ်သန်းပြီး အချက်အလက်တွေကို သွင်းထုတ်နိုင်ကြပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ ကွန်ပျူတာကနေ ဘယ်ပရိုဂရမ်တွေက ပြင်ပကို ဆက်သွယ် ချိတ်ဆက်နေသလဲဆိုတာကို သိဖို့လိုအပ်လာပါတယ်။

ဒီလိုအပ်ချက်ကို TCPVIEW Tools က ပိုင်ပိုင်နိုင်နိုင် ဖော်ထုတ်နိုင်ပါတယ်။

အင်တာနက်လိပ်စာ    ဒီနေရာလေးမှာ     အခမဲ့ ရယူနိုင်ပါတယ်။

ဖိုင် အရွယ်အစား 282Kb ခန့်သာရှိပေမယ့် ထိရောက်ပြီးအတော်အသုံးဝင်ပါတယ်။ TCPView က ကွန်ရက်အတွင်းအပြင် ချိတ်ဆက် နေမှုနဲ့ အသုံးပြု ၀င်ထွက်ပေါက်တွေကို Run နေတဲ့ ပရိုဂရမ်အလိုက် အချိန်နဲ့ တစ်ပြေးညီဖော်ပြနိုင်တဲ့အပြင် လိုအပ်မယ့် Report တွေကိုလည်း ထုတ်ယူသိမ်းထားနိုင်ပါတယ်။

ဒါကြောင့် ကိုယ့်စက်မှာ ဘယ်ပရိုဂရမ်တွေက Run နေပြီး ကွန်ရက်ချိတ်ဆက်မှုတွေရှိနေသလဲဆိုတာ အလွယ်တကူဖော်ထုတ်နိုင် တာမို့ ကွန်ပျူတာလုံခြုံရေးလေ့လာလိုက်စားသူတွေ စမ်းသပ်အသုံးပြုသင့်ပါတယ်။ TCPView ဟာ GUI နဲ့ဖော်ပြပြီး Command Line အသုံးပြုလိုသူတွေအတွက် TCPVCONကို အသုံးပြုနိုင်ပါတယ်။ 
မူရင်း ။ ။   Apytz

No comments: