Pages

06/06/2012

SPEED UP Internet Connection

ဒါလေးကတော့ Internet အသုံးပြုတဲ့ သူတိုင်း အကြိုက်တွေ့မယ် ထင်တယ်။ သိပ်အမြန်ကြီးမဟုတ်ပေမယ့် Default ပေးထားတဲ့ Speed နဲ့ စာရင်တော့ နည်းနည်း ပိုမြန်ပါလိမ့်မယ်။ ကျနော်လည်း ကွန်ပျူတာပိုင်းကို နားလည်လို့ မဟုတ်ပါဘူး။ ရှာရင်ဖွေရင်းနဲ့ တွေ့မိတာလေးကို တင့်သလို ဘာသာပြန်ပြီး တင်ပေးလိုက်တာပါ။ အမှားအယွင်းရှိရင်လည်း ခွင့်လွတ်ပေးကြပေါ့ဗျာ။


၁။ Start ထဲက Run ကို ဖွင့်ပါ။ (Win Key + R)

၂။ regedit (regedit.exe) ကို ရိုက်ပြီး OK နှိပ်ပါ။

၃။ HKEY_LOCAL_MACHINE\System\CurrentControlSet\Services\Class\NetTrans ကို ရောက်အောင် သွားပါ။

၎။ NetTrans ဆိုတဲ့ Folder ထဲက 000x ဆိုတဲ့ Folder ကို ရှာပါ။ 000x ဆိုတာ မရှိရင်လည်း 0000 ဆိုတဲ့ Folder ရှိနေပါလိမ့်မယ်။

၅။ အဲဒီ 000x (သို့မဟုတ်) 0000 ဆိုတဲ့ Folder ပေါ်ကို Right Click လုပ်ပြီး New ထဲက Staring Value ဆိုတာကို နှိပ်လိုက်ပါ။

၆။ New Value #1 ဆိုတဲ့ File တစ်ခု တိုးလာပါလိမ့်မယ်။ အဲဒီ ဖိုင်ကို (MaxMTU) ဆိုပြီး နာမည်ပြောင်းလိုက်ပါ။

၇။ အဲဒီ MaxMTU ဆိုတဲ့ file ကို Double Click နဲ့ ဖွင့်ပြီးတော့ Value အကွက်ထဲမှာ (1002) ဆိုတဲ့ ဂဏန်းလေးလုံးကို ရိုက်ထည့်ပေးလိုက်ပါ။

၈။ ပြီးရင်တော့ ကွန်ပျူတာကို Restart လုပ်ပေးလိုက်ပါ။

အဲဒါဆိုရင်တော့ Default ရှိနေတဲ့ Speed နဲ့ယှဉ်ရင် ပိုပြီး မြန်လာတာကို တွေ့ရပါလိမ့်မယ်။

Ref: www.dl4all.com

No comments: