အခုတင်ပေးလိုက်တာကတော့ Antivirus Uninstaller Tools လေးတွေကို စုစည်း
ပြီးတင်ပေးလိုက်ပါတယ်။ Kaspersky , AVG , Avria , Notorn , Avast , BitDefender , ESET Smart , အစရှိတဲ့ နာမည်ကြီး Antivirus Uninstaller အပြင် အခြား အမျိုးအစား စုစုပေါင်း 38 မျိုးထိပါဝင်ပါတယ်။
ဘယ်လိုနေရာတွေမှာအသုံးတည့်လည်းလို့ကျွန်တော်ရှင်းပြချင်ပါတယ်။ ကျွန်တော် တို့ Antivirus တွေကို
သုံးနေတဲ့အခါမှာ License ကြောင့်ဘဲဖြစ်ဖြစ် Virus ကိုက်လို့ဘဲဖြစ်ဖြစ်
ချင်လို့ဘဲဖြစ်ဖြစ် ၊ ရှိပြီးသား Antivirus ကို Uninstall လုပ်ပြီး နောက်ထပ်တစ်မျိုး ထပ်တင်ကြပါတယ်။ အဲ
ဒီအချိန်မှာ တချို့ Antivirus တွေဟာ တစ်နေရာရာမှာကျန်နေတက်ပြီး သူ့အလိုလို Run နေတက်ပါတယ်။
ဒါမှမဟုတ်လည်း နောက်ထပ်တင်မယ့် Antivirus ကို လက်မခံပါဘူး Control Panel ထဲမှာလည်း မရှိ
Program File ထဲမှာလည်းမရှိ ဖြစ်နေတက်ပါတယ်။Antivirus အပြောင်းအရွေ့တွေမှာ တော်တော်လေးကို
လည်း ပြသာရှာတယ်ဗျ။ အဲဒီ ပြသာနာတွေကို တော့ ဒီ AntiVirus Uninstaller လေးက ဖြေရှင်းပေးနိုင်ပါ
တယ်။
Uninstall လုပ်ပုံကို အနည်းငယ် ရှင်းပြချင်ပါတယ်။ Autorun လေးကို Double Click
ပြီးဖွင့်လိုက်ပါ။စစချင်း Russian Language နဲ့ပေါ်နေပါလိမ့်မယ်။ဒါဆို ဘယ်ဘက်မှာ English Language
လေးကိုနှိပ်ပြီး Language ပြောင်းလိုက်ပါ။ ဒါဆိုအဆင်ပြေပါပြီ။ ပြီးတော့ ကိုယ် Uninstall လုပ်ချင်တဲ့
Antivirus အမျိုးအစားကိုရွေးပြီး Uninstall လုပ်လိုက်ပါ။ ဒါဆိုရင်တော့ Antivirus ဟာ မိမိကွန်ပြူတာက
နေ အစအနမကျန်အောင် ပျက်သွားမှာဖြစ်ပါတယ်။ ဒီလောက်ဆို အဆင်ပြေလောက်ပြီလို့ထင်ပါတယ်။
အောက်မှာ Link သုံးမျိုးပေးထားပါတယ်။ အဆင်ပြေတဲ့ Link ကနေသာ ဒေါင်းကြပါနော်။ အားလုံးဘဲအ
ဆင်ပြေကြပါစေဗျာ။
Ref:http://pyaephyommitd.blogspot.com
No comments:
Post a Comment