Pages

22/06/2012

USB Stick မတပ်မီ ဗိုင်းရပ်စ် မ၀င်အောင် ကာကွယ်ကြမယ်


ဗိုင်းရပ်စ် အန္တရာယ် ကာကွယ်ဖို့အတွက် နည်းလမ်းများစွာ ရှိပါတယ်။ ဒါပေမယ့် အမှတ်တမဲ့နဲ့ မကွာကွယ်ကြတာများပါတယ်။ Kasper 2010 လို့ USB ကနေတက်လာတဲ့ ဗိုင်းရပ်စ် မှန်သမျှကို အော်တို Scan ဖက်ပေးတဲ့ ကောင်မျိုးဆိုရင်တော့ အကြောင်းမဟုတ်ပါဘူး။ အားပျော့တဲ့ anti-virus တွေကို ကိုယ်စက်မှာ တင်ထားမိရင်တော့ဗိုင်းရပ်စ်တွေဟာ မိမိကွန်ပျူတာထဲကို အလွယ်တကူ ၀င်ရောက်လာနိုင်ပါတယ်။

အဲ့လိုဝင်ရောက်လာတာ ကိုကာကွယ်ဖို့နည်းလမ်းများ စွာထဲက အခုနည်းလမ်းတစ်ခု ကိုရွေးပါမယ်။ ကွန်ပျူတာသို့ အများဆုံးဗိုင်းရပ်စ် ဝင်ရောက်လာနိုင်တာကတော့ USB stick နဲ့ Extra HD တွေကပါ။ USB port မှာ USB stick ကို တပ်လိုက်တာနဲ့ Window စနစ်က autorun ကို လက်ခံပြီး ဖိုင်တွေကို ချိတ်ပါတယ်။ အဲဒီမှာ ဗိုင်းရပ်စ်ပါတဲ့ ဖိုင်လည်း အလွယ်တကူ ချိတ်မိသွားပါတယ်။

ဒီတော့ autorun ကို ပိတ်ထားမှအဆင်ပြေပါလိမ့်မယ်...။

ဒါဆိုရင်တော့ autorun ကိုပိတ်လိုက်ရအောင်...

- Start/Run (box) မှာ gpedit.msc လို့ရိုက်ပါ။

- ပေါ်လာတဲ့ Group Policy (box) ရဲ့ User Comfiguration အုပ်စုအောက်က Administrative Templates ကို ရွေးချယ်ဖွင့်ပါ။

- System ကို ကလစ်လုပ်ပါ။ တစ်ဖက် မြင်ကွင်းအတွင်း Setting များတွင် Turn of Autoplay ကို ကလစ်နှိစ်ချက်နှိပ်ပါ။

- Turn of Autoplay Properties (box) ပေါ်လာပါမည်။ Disable ကိုရွေးချယ်ပါ။

အားလုံး အဆင်ပြေ ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်ဗျာ။  မူရင်း။      ။http://ayarnyinaung.blogspot.com/

No comments: