ကျွန်တော်ကို
  မေးတဲ့အကို တွေလည်းရှိပါတယ် .. ကျွန်တော်လည်း ပြန်မဖြေဖြစ်ဘူး ဖြစ်နေလို့
  အခုနည်းလမ်း လေးကို ညီလေးတစ်ယောက်က ပြောလို့ စမ်းကြည့်လိုက်တာ 
အဆင်ပြေတာနဲ့  ပြန်တင်ပေး လိုက်ပါတယ် .. ကျွန်တော်တို့ အခုနောက်ပိုင်း G-Mail အကောင့်ဖောက် ချင်တယ်ဆိုရင် အရင်တုန်းကလို လွယ်လွယ်ကူကူ ဖောက်လို့မရတော့ ပါဘူး .. အကောင့် တစ်ခုဖောက်ချင်ပြီ ဆိုရင် Security ပိုင်းအရ ပိုပြီးလုံခြုံမှုရှိလာအောင် Verification
  လုပ်ပေးပြီး ကုဒ် ထည့်ပေးမှ အကောင့်အသစ် တစ်ခုကို  
ဖောက်လို့ရမှာဖြစ်ပါတယ်..အခုနည်းလမ်းလေးကတော့ မိမိတို့ကဖောင်ချင်တဲ့  
အကောင့်တစ်ခုကို မိမိတို့အကောင့်မှာ ပြန်ပြီး Invite လုပ်ပေးရပါမယ်  . . အဲ့ဒီအခါမှာ G-Mail Service ကနေပြီးတော့ အခု Invite လုပ်တဲ့အကောင့်ဟာ သူတို့ဆီမှာမရှိကြောင်း Mail တစ်စောင့် ပြန်ပို့ပါလိမ့်မယ် .. ပြီးရင် အဲ့ဒီမှာ Mail ထဲမှာတင် အကောင့်အသစ်ဖောက်ဖို့အတွက် Sing in Link
  ပါတစ်ခါထဲ ပေးလိုက်ပါမယ် .. ကျွန်တော်တို့က အဲ့ဒီလင့်ကနေပြီး အကောင့်  
ဖောက်ပေးရမှာ ဖြစ်ပါတယ် .. ကျွန်တော် အဆင်ပြေပြေနဲ့ လုပ်တက်သွားအောင်  
အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် .. 
အရင်ဆုံး မိမိတို့ရဲ့ G-Mail မှာ အကောင့်တစ်ခုကိုအပ်ပေးလိုက်ပါ .. အဲ့ဒီအကောင့်က သူများဖောက်ပြီးသား မဖြစ်ဖို့လိုပါတယ် .. အဲ့ဒီတော့ ဘယ်လိုအကောင့်မျိုးကိုအပ်မလည်းဆိုတော့ ဥပမာ .. nnnaymin , naymmmin , naayminmaung , naymiinmaung တို့လိုပုံစံမျိုးနဲ့ Invite လုပ်ပေးလိုက်ပါ .. နာမည်တွေကိုပေါင်းတဲ့ အခါမှာစာလုံးတစ်လုံးထဲကို နှစ်ခါရေးတဲ့ပုံစံဖြစ်ပါတယ် .. ကျွန်တော်အောက်မှာ ပုံလးတွေနဲ့လည်း ပြပေးထားပါတယ် ..
အရင်ဆုံး မိမိတို့ရဲ့ G-Mail ကိုဖွင့်လိုက်ပါ .. ပြီးရင် Invite a Friend ကနေပြီးတော့ ကျွန်တော်အပေါ်မှာ နမူနာ ပြခဲ့တဲ့ ပုံစံမျိုးနဲ့ အကောင့်တစ်ခုအပ်ပေးလိုက်ပါ .. ပြီးရင် Send Invite ပေးလိုက်ပါ ..
အောက်ကပုံအတိုင်း မေးလ်ဝင်လာပါလိမ့်မယ် .. မေးလ်ကိုဖွင့်ကြည့်လိုက်ပါ ..
မေးလ်ကိုဖွင့်ပြီးပြီ ဆိုရင်တော့ မိမိထံဝင်လာတဲ့ မေးလ်ရဲ့ အောက်ဆုံးမှာ အောက်ကပုံမှာ ပြထားသလို Sign up လုပ်ဖို့ လင့်လေးပေးထား ပါလိမ့်မယ် .. အဲ့ဒီလင့်လေးကို Copy ကူးလိုက်ပါ .. ပြီးရင် Internet Explorer ကနေ အကောင့်အသစ်တစ်ခု ဖောက်ပေးရပါဖြစ်ပါတယ် ..
အပေါ်ကပုံအတိုင်း Sing up Link လေးကို Copy ကူးပြီးပြီဆိုရင်တော့ Internet Explorer ကိုဖွင့်လိုက်ပါ .. ပြီးရင် Copy ပေးထားတဲ့လင့်လေးကို Internet Explorer မှာဖွင့်ပြီး အကောင့်တစ်ခု ဖောက်လိုက်ယုံပါပဲ ..
ဒီနေရာမှာ တစ်ခုသတိထားရမှကြ Re-enter password ရိုက်ပြီးသွားရင် အောက်က Stay signed in နဲ့ Enable Web History တို့မှာ အမှန်ခြစ်လေးတွေကို ဖြုတ်ပေးဖို့ လိုပါလိမ့်မယ် .. .
အားလုံးပဲ ဒီလောက်ဆိုရင်တော့ G-Mail အကောင့်တစ်ခုကို Verification လုပ်စရာမလိုပဲ ဖောက်လို့ ရသွားပါ လိမ့်မယ် ..







 














 




































 
  
 .jpg)





 
 
 
No comments:
Post a Comment