Pages

01/06/2012

How to Root Android + How to Install Myanmar Fonts on Android

Android ဖုံး တွေကို မြန်မာဖေါင်ထည်နည်း နဲ့ Root လုပ်နည်းတွေ  မေးနေကြတဲ့ သူငယ်ချင်းများအတွက် သူရ http://www.tramyanmar.co.cc  ကနေ ပြန်လည်မျှဝေပေးလိုက်ပါတယ် ...။ အားလုံး အဆင်ပြေလိမ်မယ်လို့ မျှော်လင်ပါတယ်.....:)

 
 
ဟိုနေ့က ကျွန်တော်ကို အစ်ကိုတစ်ယောက် အကူအညီ တောင်းလို့ ဒီအကြောင်းအရာလေးကို တစ်ခြား မသိသေးတဲသူတွေပါသိအောင်ဆိုပြီး Post ရေးပြီး တင်ပေးလိုက်တာပါ။ အဲဒီအစ်ကိုက သူ့ဖုန်းကို ဆိုင်မှာ မြန်မာ Fonts သွားထည်တောဆိုင်က ပြောတယ် ။ အစ်ကို့ဖုန်းက တစ်ခြားဖုန်းတွေလို မဟုတ်ဘူး။ root လုပ်ရတာလဲ မလွယ်ဘူး။ အရမ်းခက်တယ်တဲ။ service ကြေး 13000 တောင်းတဲသူက တောင်း ၊ 15000 တောင်းတဲသူကတောင်းနဲ့ ။ ဘယ်ဆိုင်တွေလဲ ဆိုတာတောမရေးတောပါဘူး။ အဲဒီအစ်ကို ကိုင်တဲဖုန်းက Samsung Galaxy Y GT-S5360 ပါ။ ကျွန်တော်လဲ အဲဒီ အစ်ကိုဖုန်းကို စမ်းလုပ်ပေးရင်းနဲ့ တစ်ခြား မသိသေးတဲသူတွေပါ အဆင်ပြေအောင်ဆိုပြီး ရေးလိုက်တာပါ။ ပုံတွေနဲ့ သေချာ ရှင်းမပြနိုင်တာတောနားလည်ကြပါ။ ဒါပေမဲအဆင်ပြေမှာပါ။
  
Root ဆိုတာ ဘာလဲ .......... ?? 

Samsung Galaxy Y ကို Root လုပ်တာ ဒီလိုမျိုးပါဆိုပြီး ကျွန်တော်ချရေးသွားလို့ ရပါတယ်။ ဒါပေမဲစာဖတ်သူတွေထဲမှာ တစ်ခြား မသိသေးတဲသူတွေ ပါခဲရင် ကျွန်တော် ဘာတွေ လျှောက်ရေးထားတာလဲလို့ ထင်သွားမှာပေါ။ ပညာရပ်တစ်ခုက သူ့ရဲ့ အခြေခံ သဘောတရားကို နားလည်ထားမှ သာလျှင် ဆက်ပြီးလေလာလို့ အဆင်ပြေနိုင်ပါတယ်။ အခြေခံ သဘောတရားကို သေချာမသိပဲနဲ့ ဟိုဟာလျှောက်ဖတ် ဒီဟာ လျှောက်ဖတ် လုပ်နေရင်တောတစ်ချိန်ချိန်မှာ ခင်ဗျား တိုင်ပတ်မှာ အသေအချာပဲ .... 

Root ဆိုတာ ဘာလဲတဲ။ မူလတန်း ကလေးတောင် သိပါတယ် ။ အမြစ် ပေါ။ အမြစ် ဆိုမှတောတွေးကြည်လိုက်ပါ။ သစ်ပင်တစ်ပင်ရဲ့ အသက် ၊ လေဒဏ် ၊ မိုးဒဏ် တွေကို ကာကွယ်ဖို့အတွက် မားမားမတ်မတ် ရပ်တည်နိုင်ဖို့အတွက် အရေးကြီးဆုံး အဓိက အစိတ်အပိုင်းတစ်ခုပေါ။ နည်းပညာမှာတောဒီ Root ဆိုတာ Linux Open Source Operation System ရဲ့ အသုံးအနှုန်းတစ်ခုပါ။ Android ဆိုတာလဲ linux ကိုအခြေခံ ဖန်းတီး ပြုလုပ်ထားတာပါပဲ။ Root ဆိုတာက Linux မှာဆိုရင်တောSystem ရဲ့ အဓိက အစိတ်အပိုင်းတည်ရှိရာ နေရာကို ပြောခြင်းဖြစ်ပါတယ်။ Android Phone တွေမှာဆိုရင်လဲ ဖုန်းတစ်ခုလုံးရဲ့ လည်ပတ်တဲစနစ်ကို ထည်သွင်းထားတဲအဓိက နေရာ တစ်ခုပါ။ ဥပမာ - Windows Xp/ 7 စသည်ဖြင်windows အသုံးပြု Computer တွေမှာဆိုရင်လဲ Windows ရှိနေတဲ(Eg: C:/ )နေရာမျိုးပေါ။ အဲလောက်ဆို နားလည်မယ်လို့ ထင်ပါတယ်။ 


ဘာကြောင် Android Phone တွေမှာ Root လုပ်ရတာလဲ ..... ??
  
Root ဆိုတာ ဘာလဲ ။ ဘယ်လို နေရာမျိုးလဲဆိုတာ စာဖတ်သူ သဘောပေါက်လောက်ပြီ ထင်ပါတယ်။ အဲဒီတောအဲလို အဓိကကျတဲအရေးကြီးတဲနေရာ ၊ တစ်ခုခု မှားလုပ်မိရင် System တစ်ခုလုံး သုံးမရအောင် ဖြစ်သွားနိုင်တဲနေရာမျိုးကို ဖုန်းထုတ်လုပ်တဲသူတွေက ကွယ်ဝှက်ထားပါတယ်။ အသုံးပြုသူ user တွေ မတွေ့အောင် ၊ အသုံးပြုလို့ မရအောင် လုပ်ထားပါတယ်။ ဘာကြောင်လဲ ?? ရှင်းရှင်းလေးပါ  .. ခင်ဗျားတို့ စဉ်းစားကြည်ပေါ......
 
Root မလုပ်ပဲ Official သုံးနေလို့ရောမရဘူးလား။ ရပါတယ်။ ဒါပေမဲကျွန်တော်တို့မှာ လိုအပ်ချက်တွေ ရှိနေတယ်။ ဖုန်းနဲ့ အင်တာနက်လေးသုံးချင်တယ်။ website တွေ ၊ Forun တွေ ၀င်ကြည်ချင်တယ်။ Chatting ထိုင်ချင်တယ်။ အဲဒီအတွက် ဖုန်းမှာ မြန်မာလို အသုံးပြုချင်တယ်။ မြန်မာလို စာရိုက်ချင်တယ်။ နောက်တစ်ခု ကိုယ်ရဲ့ Android Version ကို Update လုပ်ချင်တယ်။ အသစ်အသစ် လေးတွေကို လူတိုင်းမက်မောတက်ကြတာပဲလေ။ ဖုန်းဝယ်ကတည်းက ပါလာတဲApplication တွေမှာ ကိုယ်အတွက် အသုံးမ၀င်တာတွေက များနေတယ်။ ဖြုတ်ချလို့လဲ မရဘူး။ နောက်တစ်ခါ Android Application တွေကလဲ အစုံပဲ။ ပေါလိုက်တာ ။ IPhone လိုပိုက်ဆံပေးပြီး ၀ယ်ထည်စရာလဲ မလိုဘူး။ game တွေကလဲ အစုံပဲ။ 
 
စိတ်ကူးရှိတိုင်းထည်နဲ ဖုန်းမှာပါတဲInternal memory မှာတစ်ဖြည်းဖြည်းများလာမယ်။ အဲဒီအခါ ဖုန်းက လေးလာတယ်။ SD Card ထဲရွှေ့ထားချင်ပေမဲလည်း ရွှေ့လို့ မရဘူး။ နောက်ကိုယ်ဖုန်းတစ်ခုလုံးကို Backup လုပ်ထားချင်တယ်။ မတော်လို့ ဖုန်းကပျက်သွားရင် အထဲက မှတ်ထားတဲContent တွေ ၊ Message တွေ စသည်ဖြင်အများကြီးပဲ။ ပျက်တာ သွားရင်တောကြေကွဲပြီ။ အဲဒီလို ပြဿနာတွေ အများကြီးကို ဖြေရှင်းဖို့အတွက်က တစ်နည်းပဲ ရှိပါတယ်။ ဖုန်းထုတ်လုပ်သူတွေ ကွယ်ဝှက်ထားတဲRoot နေရာ ၊ သူတို့တွေ ဖျောက်ထားတဲSuperUser ကို ကျွန်တော်တို့က လုယူကြရမှာပေါ။ SuperUser ဆိုတာတစ်နည်းအားဖြင်Windows မှာလိုဆိုရင်တောAdministrator လိုမျိုးပါ။ Android OS တစ်ခုလုံးကို စိတ်ကြိုက် မွှေနှောက်ခွင်ရှိတဲစက်ရုပ်တစ်ရုပ်ပေါ။ အဲဒီလို System တစ်ခုလုံးကို  စိတ်ကြိုက်မွှေနှောက်နိုင်ဖို့အတွက် ကျွန်တော်တို့ Android ကို Root လုပ်ရခြင်း ဖြစ်ပါတယ်။ အဲလောက်ဆို ဘာကြောင်Root လုပ်တယ်ဆိုတာကို သဘောပေါက်မယ်လို့ ထင်ပါတယ်။

စာဖတ်သူတွေထဲက မသိသေးတဲသူတွေအတွက် Root လုပ်တဲအခါမှာ အသုံးပြုနေကြတဲအထင်ကရ Tools လေးတွေကို ဗဟုသုတ အဖြစ် ဖော်ပြပေးလိုက်ပါတယ်။
-       Z Root
-       Gingerbreak
-       Easy Root Tookit
-       Eric Root
-       CF Root
-       Super one Click
-       Revolutionary (HTC)
-       S2 Root (Samxung Galaxy)
 စသည်ဖြင်အများကြီး ရှိပါသေးတယ်။ စိတ်ဝင်စားတယ်ဆိုရင် အွန်လိုင်းမှာ မွှေနှောက်ပြီး ရှာကြည်လို့ရပါတယ်။ Android နဲ့ပတ်သက်တဲSite တွေ၊ Forum တွေအများကြီးရှိပါတယ်။ ဒါက မသိသေးတဲသူတွေအတွက် ဗဟုသုအဖြစ် ရေးလိုက်တာပါ။ အဓိကကတောအခြေခံ သဘောတရားကို သေချာ နားလည်ဖို့ပါပဲ။ 
How to Root Samsung Galaxy Y GT-S5360 
နိဒန်း ပျိုးနေတာနဲ့ ဒီ ဇတ်လမ်းလေးက အခုမှ ရောက်တယ်။ Samsung Galaxy Y ကို Root လုပ်တဲအခါ အပေါ်က Software တွေကို သုံးပြီး လုပ်လို့ရမှာ မဟုတ်ပါဘူး။ ဖုန်းမှာ ပါတဲRecovery Mode ကိုအသုံးပြုပြီး Root လုပ်ပေးရမှာပါ။ 
Step 1 > ပထမဆုံး အောက်မှာ ကျွန်တော်ပေးထားတဲUpdate.zip File ကို အရင် Download ဆွဲလိုက်ပါ။ File Size က 2.15 MB လောက်ပဲ ရှိပါတယ်။ 

Downloading From MediaFire

Downloading From Sharebeast 

Downloading From Ziddu 

Step 2 > update.zip file ကို download ဆွဲပြီးသွားပြီဆိုရင်တော ဖုန်းရဲ့ SD-Card ထဲကို Copy ကူးထည်လိုက်ပါ။ Copy ကူးပြီးပြီဆိုရင် SD-Card ကို ဖုန်းထဲကို ပြန်ထည်ပြီး Power ပိတ်လိုက်ပါ။

Step 3 > တတိယ အဆင်အနေနဲ့ ကျွန်တော်တို့ Recovery Mode ထဲကို ၀င်ရပါမယ်။ Recovery Mode ထဲကို ၀င်ဖို့အတွက် (Home Button + Volume up Button + Power Button ) ကို Seconds 20 လောက် ဖိနှိပ်ထားလိုက်ပါ။ 

Step 4 > Recovery Mode ကို ရောက်ပြီဆိုရင်တောVolume up and down button ကို အသုံးပြုပြီး Update From SD Card ကို ရွှေးပေးလိုက်ပါ။ ဒီနေရာမှာ Touch အလုပ်မလုပ်ပါဘူး။ Volume button နှစ်ခုနဲ့ Home Button ကို အသုံးပြုရပါမယ်။

Step 5 > SD Card ထဲရောက်သွားပြီဆိုရင် အစောက Copy ကူးထားတဲupdate.zip file ကို ရွှေးပေးပါ။ ပြီး၇င် home Button ကို နှိပ်လိုက်ပါ။

Step 6> Root စလုပ်ပါလိမ်မယ်။ ဘာတွေ ဖြစ်နေလဲ ကြည်နေလိုက်ပေါဗျာ။ ကျွန်တော်လည်း မမှတ်မိတောဘူး။ Root လုပ်တာ ပြီးသွားပြီဆိုရင် ဖုန်းကို Reboot လုပ်လိုက်ပါ။ 

အိုကေသွားပါပြီ ။ ဖုန်းပြန်ပွင်လာတဲအခါ SuperUser စက်ရုပ်လေးရောက်နေပါလိမ်မယ်။ ဒါဆို ခင်ဗျားဖုန်းကို စိတ်ကြိုက် ကလိလို့ ရသွားပါပြီ။ 

အားလုံးပဲ အဆင်ပြေကြပါစေ ....  လေးစားစွာဖြင်.... သူရ

 

 

ဒါကတောZawgyi Font နဲ့ Keyboard ထည်းနည်းပါ  

 

 
 
Facebook က အစ်ကိုတစ်ယောက်ရဲ့ တောင်းဆိုမှုကြောင်ကျွန်တော် ဒီ posts လေးကို ရေးလိုက်တာပါ။ 
 
Android ဖုန်းတွေ ၊ Tablet တွေမှာ မြန်မာလို မြင်ရဖို့ဆိုတာ တစ်ကယ်တောမခက်ခဲပါဘူး။ အဓိက 
 
အရေးကြီးတာကတောမိမိရဲ့ Android ကို Roots လုပ်ထားဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ 
 
Zawgyi Fonts ကိုထည်တဲနေရာမှာ ကျွန်တော်တို့က Android System ကို လှည်စားပြီးထည်ပေး 
 
ရပါလိမ်မယ်။ သူ့ရဲ့ အဓိက System file တွေထဲကို ၀င်ပြင်ရမှာ ဖြစ်တဲအတွက် တစ်ခါမှ 
 
မလုပ်ဖူးရင်တောသေချာလေး ဂရုစိုက်ပြီး လုပ်စေချင်ပါတယ်။
 
ကျွန်တော် အဆင်ပြေအောင် အဆင်(3) ဆင်နဲ့ ရှင်းပြပေးပါမယ်။
 
Step (1)  Installing of Root Explorer
 
Step (2) Installing of Zawgyi Fonts
 
Step (3) Installing of Frozen Keyboard
 


Installing of Root Explorer
 
ပထမဆုံး အနေနဲ့ Root Explorer ကို Install လုပ်ပါမယ်။ Root Explorer ဆိုတာလဲ File Mananger 
 
Application တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲဘာဖြစ်လို့ သူ့ကို install လုပ်လဲ ဆိုတောZawgyi Fonts 
 
သွင်းတဲနေရာမှာ ကျွန်တော်တို့က android ရဲ့ system file ထဲကို ၀င်ပြီး ထည်ပေးရမှာပါ။ အဲဒီအတွက် 
 
Roots Explorer က ပိုအဆင်ပြေပါတယ်။ 
 
အရင်ဆုံး အောက်မှာ ကျွန်တော် ပေးထားတဲFile ကို Download ဆွဲလိုက်ပါ။ အဲဒီမှာ Myanmar Fonts 
 
For Android ဆိုပြီး Zip File ရလာပါမယ်။

 
 

အဲဒီထဲကမှ အရင်ဆုံး Root Explorer ကို အရင်သွင်းပါမယ်။ Root Explorer ကို သွင်းဖို့အတွက် Phone 
 
ထဲက Unknown Source ကိုဖွင်ထားပေးဖို့ လိုအပ်ပါတယ်။ 
 
Setting > Application > Unknown Source အဲဒီလမ်းကြောင်းအတိုင်း သွားလိုက်ပါ။ Unknown
 
 Source ကို အမှန်ခြစ်ပေးလိုက်ပါ။ တစ်ကယ်လို့ သတိပေးစာ ပေါ်ခဲ၇င်လဲ OK သာ နှိပ်ပေးလိုက်ပါ။
 
Download ဆွဲထားတဲFile ကို phone ရဲ့ SD Card ထဲကို ထည်ထားပါ။
 
ကိုယ်ရဲ့ phone ထဲက File Manager ကိုဖွင်ပါ။ ဒါကတော ဖုန်းအမျိုးအစားပေါ်မူတည်ပြီး ပုံစံ 
 
ကွာခြားတက်ပါတယ်။ အဲဒီ File Manager ထဲကမှတစ်ဆင်SD Card ထဲကို copy ထည်ထားတဲRoot 
 
Explorer.apk ကိုရှာပါ။ တွေ့ပြီဆို၇င်  အဲဒီ .apk file လေးကို နှိပ်ပြီး install ကိုနှိပ်လိုက်ယုံပါပဲ။
 
ဒါဆို ကျွန်တော်တို့ Roots Explorer ကို install လုပ်လို့ ပြီးသွားပါပြီ။

Installing of Zawgyi Fonts

Zawgyi Fonts Install လုပ်ဖို့အတွက် အစောက ထည်ထားခဲတဲRoot Explorer ကိုဖွင်ပါ။ software
 
 ကိုဖွင်ဖွင်ခြင်းမှာ Superuser Request ဆိုပြီး လာတောင်းခဲရင် Allow ကိုနှိပ်ပေးလိုက်ပါ။ Root Explorer
 
 ဖွင်တာနဲ့ / ထဲကို ရောက်နေပါလိမ်မယ်။ အဲဒါက Roots လို့ ခေါ်ကြတဲDirectory ပါပဲဗျာ။ အဲဒီထဲကမှ 
 
မိမိရဲ့ SD Card ကိုရှာပါ။
 
 

SD Card ထဲကို ရောက်သွားပြီဆိုရင် Download ဆွဲထားတဲFolder ထဲမှာ Zawgyi Fonts ဆိုတာ 
 
ပါပါတယ်။ အဲဒီထဲက DroidSans.ttf ဆိုတဲFile ကိုရှာပါ။

DroidSans.ttf ကို တွေ့ပြီဆိုရင် 3 စက္ကန့်လောက်ဖိနှိပ်ထားလိုက်ပါ။

Option တစ်ခု ပေါ်လာပါမယ်။ အဲဒီထဲကမှ Copy ကိုရွှေးပြီး copy ကူးပါ။ အောက်မှာ Paste နဲ့ Cancel 
 
ကိုမြင်ရပါလိမ်မယ် ဘာမှ မနှိပ်မိပါစေနဲ့ ။

Phone ထဲက Back ခလုတ်ကို နှိပ်ပြီးပဲ  / ကိုပြန်ရောက်အောင် ထွက်ခဲလိုက်ပါ။

/ ထဲကို ရောက်ပြီဆိုရင် system Folder ကိုရှာပါ။ အဲဒီ system folder ထဲကမှ fonts ဆိုတဲfolder ထဲကို 
 
ထပ်ဝင်ပါ။ အဲဒီ အချိန်ကျမှ paste ခလုပ်ကို နှိပ်လိုက်ပါ။

Warning Box တစ်ခု တက်လာပါလိမ်မယ် ။ read only ဖြစ်နေလို့ copy ကူးလို့ မရဘူးလို့ ပြောတာပါ။
 
 အပေါ်နားက permission နေရာမှာ Mount R/W ကို တစ်ချက် နှိပ်လိုက်ပါ။ Mount R/O 
 
ဆိုပြီး ပြောင်းသွားပါလိမ်မယ်။ အဲဒါဆို Write လုပ်လို့ ရသွားပါပြီ ။ Paste ကို ပြန်နှိပ်လိုက်ပါ။

တစ်ကယ်တောDroidSans.ttf ဆိုတဲနာမည်က Android Fonts ရဲ့ နာမည်ပါ။ ကျွန်တော်တို့က zawgyi
 
 fonts ကို android fonts နဲ့ အစားထိုးလှည်စားလိုက်တဲသဘောပါ။ အဲဒီအတွက် Zawgyi fonts ဆိုတဲ
 
 နာမည်က DroidSans.ttf ဆိုပြီး ကျွန်တော် ပြောင်းထားလိုက်တာပါ။ စာဖတ်သူ ရှုပ်သွားမှာဆိုးလို့ 
 
ကျွန်တော် တစ်ခါတည်း ပြောင်းပြီး upload တင်ပေးလိုက်တာပါ။ အခု paste လုပ်လိုက်တဲအခါ Warning 
 
box တစ်ခု ထပ်တက်လာပါလိမ်မယ်။ DroidSans.ttf ဆိုတဲFonts က ရှိပြီးသားကြီး ဖြစ်နေပါတယ်ဆိုတဲ့ 
 
Warning ပါ။ Overwrite လုပ်မှာ ဖြစ်တဲအတွက် Yes ကိုပဲ နှိပ်ပေးလိုက်ပါ။
 
 
 

နောက်ဆုံး အဆင်တစ်ခု ကျန်ပါသေးတယ်။ အခု ကျွန်တော်တို့ overwrite လုပ်ပြီး ထည်လိုက်တဲ
 
 DroidSans.ttf ဆိုတဲFonts ကို Permission ပေးရပါမယ်။ အဲဒီအတွက် DroidSans.ttf ပေါ်မှာ 3 
 
စက္ကန့်လောက်ဖိထားလိုက်ပါ။ permission ကိုရွှေးပြီး အားလုံးကို အမှန်ခြစ်ပေးပါ။ ပြီးရင်တောok 
 
ကိုနှိပ်ပေးလိုက်ပါ။ အဆင်ပြေသွားပါပြီ .. အစောက ပြောင်းခဲတဲMount R/O ကို Mount 
 
R/W ဖြစ်သွားအောင် ပြန်ပြောင်းပေးခဲလိုက်ပါ ။ မှားဖျက်မိတဲအန္တရယ်က ကာကွယ်ပြီးသားရတာပေါ။ 
 
 
အခုဆိုရင် Zawgyi fonts ကို Install လုပ်ပြီးပါပြီ။ မြန်မာလို ရေးထားတဲmessage တွေ ၊ 
 
 
website တွေကို 
 
ကြည်လို့ ရသွားပါပြီ ။ ဒါပေမဲကျွန်တော်တို့ကိုယ်ဘာကိုယ်တောစာရိုက်လို့ မရသေးဘူးဗျ ။ 
 
ဘာဖြစ်လို့လဲဆိုတောKeyboard မထည်ရသေးဘူးလေ …. 

အခု ကျွန်တော် DroidSans.ttf ဆိုတဲFile ကို အစားထိုးပြီး Zawgyi Fonts ထည်နည်းကို ပြောခဲပါတယ်။ 
 
ကျွန်တော် upload တင်ထားတဲdownload Folder ထဲမှာက DroidSansFallback.ttf ဆိုတဲfonts 
 
တစ်ခုလည်း ပါပါသေးတယ် ။ အကယ်၍ တစ်ချို့ဖုန်းတွေမှာ DroidSans.ttf ကို ထည်လို့မှ မြန်မာလို 
 
မပေါ်ခဲဘူးဆိုရင် DroidSansFallback.ttf ကိုပါ အပေါ်က ပြောခဲတဲနည်းအတိုင်း ထပ်ထည်ပေးလိုက်ပါ။ 
 
DroidSans.ttf ကိုထည်လို့ မြန်မာလို ပေါ်ခဲရင်တောထပ်မထည်ပါနဲ့ ။ 

Zawgyi Keyboard သွင်းနည်း

Zawgyi Keyboard ထည်သွင်းဖို့အတွက်လဲ ကျွန်တော်ပေးထားတဲထဲက FrozenKeyboard_1.1.3.apk 
 
ကို SD Card ထဲ ထည်ပြီး Software ကို Install လုပ်လိုက်ပါ။ 
 
Install လုပ်ပြီးသွားရင်တောမိမိ Phone ထဲက Setting ထဲကို ၀င်ပါ။ 
 
အဲဒီထဲမှာမှ Frozen Keyboard ဆိုတာ နှစ်ခု ပေါ်နေပါလိမ်မယ်။ တစ်ခုက Setting အတွက်ပါ။ 
 
အရင်ဆုံး ကျွန်တော်တို့က Frozen Keyboard ကို ဖွင်ပေးမှာ ဖြစ်တဲအတွက် Frozen keyboard Settings 
 
ဆိုတာ မပါတဲကောင်ကိုပဲ အမှန်ခြစ်နှိပ်ပေးလိုက်ပါ။ 
အဲဒီမှာ သတိပေးတဲmessage တစ်ခု ပေါ်လာပါလိမ်မယ်။ OK ကိုသာ နှိပ်ပေးလိုက်ပါ။
 
ကိုယ်ရဲ့ မြန်မာစာ keyboard က တစ်ကယ်အလုပ်မလုပ်ကို Message မှာ စမ်းရိုက်ကြည်ပါ။
 
Message ပို့တဲနေရာကို သွားလိုက်ပါ။ အဲဒီမှာ မြန်မာလို ရိုက်ဖို့ မပေါ်သေးပါဘူး ။ စာရိုက်တဲ့ 
 
အကွက်ကလေးမှာ 3 စက္ကန့်လောက်ဖိထားပြီး Input Method ထဲကနေမှ Frozen Keyboard ကို 
 
ရှာပြီး ရွေးပေးလိုက်ပါ။

အဲဒါဆိုရင်တောKeyboard ပုံစံ ပြောင်းသွားပါပြီ ။ အင်္ဂလိပ်ကနေ မြန်မာစာ ပြောင်းဖို့ အတွက်လဲ (ABC 
 
<> ကခ) ခလုတ်ကလေးနဲ့ အလွယ်တစ်ကူ ချိန်းပြီး အသုံးပြုနိုင်ပါတယ် ။ 

အဲလောက်ဆို၇င်တောကိုယ်ဘာကိုယ် စမ်းလို့ အဆင်ပြေနိုင်မယ် ထင်ပါတယ် ….. သေချာ အသေးစိတ်
 
 ရှင်းမပြနိုင်တာကိုတောနားလည်ပေးပါ ခင်ဗျာ … အားလုံးပဲ အဆင်ပြေကြပါစေ … လေးစားစွာဖြင့်  သူရ