ကျွန်တော်တို့  Gtalk ဖွင့်ထားယုံနဲ့ Utube နဲ့  Google Video က
ဗီဒီယိုဖိုင်တွေကို ကြည့်လို့ ရတဲ့အပြင် နောက် ထပ်တစ်ခြား အသစ်
အသစ်တွေလည်း အများကြီးထပ်လုပ်လို့ ရပါတယ် ... (မှတ်ချက်။
။တော်တော်မိုက်ပါအိ) အရင်ဆုံး ဒီနေရာ ဒါမှမဟုတ် ဒီနေရာ ကနေ ယူလိုက်ပါ ...ပြီးရင်တော့ Rar ကိုဖြည်လိုက်ပြီး အထဲမှာပါတဲ့ install ဆိုတာလေးကို D-click ပြီး အင်စတောလိုက် ... အဲဒါဆိုရင်ပြီးပြီ .. အော် မပြီးသေးဘူးဗျ ... အဲဒီမှာ ကိုယ်ကြူနေတဲ့
ဂျီတော့ ကိုဖွင့် >> နောက်ပြီး ဆက်တင်ကိုသွား >> အဲဒီကနေမှ
Appearance ကိုဆက်သွား >> sravi ဆိုတဲ့ Theme ကိုရွေးပေးလိုက် .... ဒါဆိုရင်တော့ပြီးပါပြီ ... အကယ်လို့Utube နဲ့  Google Video က ဗွီဒီယိုတွေကို သူငယ်ချင်းတွေကို ချတ်ဘောက်စ်ထဲကနေ ပြချင်တယ်ဆိုရင်တော့ အဲဒီတစ်ယောက်ကလည်း Gtheme(2.0) ကိုတင်ထားရပါလိမ့်မယ် ... ပြီးရင်တော့ Chat Boxအောက်က အတိုင်း ရိုက်ထည့်ကြည့်လိုက်ပါ
Google Video ဆိုရင် အောက်ပါအတိုင်း
sravi:gvideo:< http://video.google.com/videosearch?q=google+video&hl=en&emb=0&aq=f# >
Youtube Video ဆိုရင် အောက်ပါအတိုင်း
sravi:utube:< http://www.youtube.com/watch?v=saalGKY7ifU>
ဗွီဒီယိုလင်ခ့်တွေမှာ ကိုယ်ကြိုက်တဲ့လင်ခ့်ပြောင်းထည့်ကြည့်ပါ ..
Youtube အထိကိုသွားဖွင့်နေစရာမလိုပဲ Gtalk Chat box ထဲကနေပဲ တိုက်ရိုက်ကြည့်လို့ ရပါတယ် နောက်ပြီး Smiles အရုပ်ကလေးတွေကလည်း အရင် Gtalk Theme က အရုပ်ကလေးတွေအပြင် နောက်ထပ် အရုပ်က လေးတွေအများကြီးထပ်ပါလာပါတယ် ... ဥပမာ အောက်က ဟာမျိုးလေးတွေပေါ့ ...ဒီအောက်က ဟာလေးကို
ချတ်ဘောက်စ်ထဲမှာရိုက်ထည့်ကြည့်လိုက်ပါ ...
sravi:msg1:I*Love*You (* chit tal kwar)
အောက်မှာ Screen Shoot ကလေးတွေကိုကြည့်လိုက်ပါဦးဗျာ ...
နောက်ခံပုံတွေကိုလည်း ကိုယ်နှစ်သက်တဲ့ပုံပြောင်းယူလို့ ရပါတယ် ...
Start>>All programs>> gtheme>>change background
ကနေပြောင်းယူနိုင်ပါတယ် ...
မသိသေးတဲ့လူတွေအတွက်ပါခင်ဗျ ... သိပြီးသားလူတွေဆိုရင်လည်း ဆောဒီးပေါ့ဗျာ :P
ကျွန်တော့်ရဲ့ စာအရေးအသားညံ့ဖျင်းလို့ မဖတ်တတ်ဘူး ဆိုရင်လည်း ဒေါင်းလုတ်ချပြီးသွား
ရင် အဲဒီအထဲမှာ Read me ဆိုတဲ့ Txt ဖိုင်လေးပါတဲ့အတွက် အရင်ဖတ်ကြည့်လိုက်ပါခင်ဗျ ...
အဆင်ပြေပါစေ .. :P
Subscribe to:
Post Comments (Atom)
No comments:
Post a Comment