Pages

02/07/2012

Alert Message and Dialog Box အား Bloggerဖွင့်တိုင်း ပေါ်စေလိုက

မိမိ၏စာဖတ်ပရိတ်သတ်အား မိမိ Blogထဲ မ၀င်ရောက်ခင် မိမိပေးလိုသော အထူးကြေငြာချက်, Information များနှင့် အသိပေးစာများကို Dialog Boxအဖြစ် ပေးပေါ်စေနိုင်ပါသည်။ ယင်းကို Pop up boxဟုလည်း ခေါ်ဝေါ်ပါသည်။ ထို Boxတွင် မိမိ၏ Messageများနှင့် စာဖတ်သူများ အတည်ပြုနိုင်ရန် "OK" bottonလေးများပါဝင်ပါသည်။ သည့်အပြင် "OK"နှိပ်ပါက Website/ Blogတစ်ခုနှင့် ဆက်သွယ်ထားပြီး "Cancal"နှိပ်ပါက တခြား Website/ Blogတစ်ခုသို့သွားရန် ညွန်းနိုင်ပါသည်။ ယင်းအပြင် စာဖတ်သူများ၏ အမည်နှင့် အချက်အလက်များကိုလည်း Message Boxတွင် မေးမြန်းနိုင်ပါသည်။ ဤလုပ်ဆောင်ချက် JavaScript သည် မိမိ၏Blogထဲတွင် Alert Message and Dialog Boxအား မည်ကဲ့သို့ ထည့်နိုင်မည်ကို တင်ပြသွားပါမည်။

Alert Box with OK button - OK buttonဖြင့် ၀င်ခိုင်းသည့် Alert Message Box



ကန့်သတ်ချက်ရှိသော Sites/ Blogများအတွက် Serious Message Boxများဖြင့် မေးလေ့ရှိသည်။ တချို့ Sites/ Blogများမှာ ကြိုဆိုမှု၊ ကျေးဇူးတင်ကြောင်း ဖော်ပြလိုမှု စသည့်ရည်ရွယ်ချက်များဖြင့် တင်ပြလေ့ရှိသည်။

Alert Box with OK buttonကို ဖန်တီးလိုပါက.
၁။ Blogger ထဲ Sign In၀င်ပါ။ Page Elementsမှ New Gedgetကို ခေါ်ပါ။ HTML/ JavaScriptကို Addလုပ်ပါ။
၂။ အောက်ပါ JavaScript Codeကို ကူးယူပြီး ထည့်သွင်းလိုက်ပါ။

1 <script type="text/javascript">
2 alert('You are about to enter an extremely funny site. People who are prone to laughing fits ... Beware!')
3 </script>
4 <noscript>Enable javascript in your browser to view an important message.</noscript>

You are about to enter an extremely funny site. People who are prone to alughing fits...Beware!
စာသားနေရာတွင် မိမိထည့်လိုသော စာသားအား ထည့်လိုက်ပါ။

၃။ Save လုပ်ပါ။

No comments: