DNS Server သည် Internet Domain Names into IP Numbers/Address (Forward) နှင့် IP
Numbers into Domain Name (Reverse) အား Translation ပြုလုပ်ပေးခြင်းဖြစ်သည်။ Domain Name ဆိုသည်မှာ Internet Site
ပင်ဖြစ်သည်။ Domain Name သည် အနည်းဆုံးအပိုင်းနှစ်ခုပါဝင်ပြီး ယင်းအပိုင်းများအား အစက် ( Dots ) ဖြင့်ခွဲခြားထားသည်။ Internet
အတွင်းဝင်ရောက် သုံးစွဲသူသည် visit လုပ်လိုသော Web Site များ၏ IP Addressကိုမှတ်သားရပါက Web Site တစ်ခုအတွင်း ၀င်ရောက်ရန်ပင်
ခက်ခဲမည်ဖြစ်သည်။ ထို့ကြောင့် Server များတွင် DNS Function အား Run ထားသဖြင့် အမည်တစ်ခု သိရုံနဲ့ Search Engine မှ ၀င်ရောက်
ရှာဖွေ နိုင်မည်ဖြစ်သည်။အပြန်အလှန်အားဖြင့် Free email Web Site တစ်ခုဖြစ်သော Xmail.com အား ISP မှ Name ကို Block လုပ်ထားပါက
ယင်း IP Address ဖြစ်သော 10.65.10.5 နှင့် ၀င်ရောက်ချိတ်ဆက်နိုင်သည်။
1။ Windows 2000 Server ၏ DNS Server အား Tuning ပြုလုပ်ခြင်း
Windows 2000 Server ပေါ်တွင် Start > Programs > Administration Tool မှ DNS ကိုရွေးချယ်ပါ။
DNS Box တွင် Server၏အမည် OCAD တွင် Forward Lookup Zone ၊ Reverse Lookup Zone
ဆိုပြီးရှိပါတယ်။ Forward Lookup Zone အား Right Click ပြုလုပ်ပြီး New Zone > Wizard > Next ကိုနှိပ်ပါ။ ထို့နောက်
Zone Type ကိုရွေးပါ။ Zone Type တွင် Active Directory – integrated ၊ Standard Primary ၊ Standard Secondary များရှိရာ
Standard Primary ကိုရွေးချယ်ရမည်။ ယင်းနောက် Next ကိုနှိပ်ပါ။
ထို့နောက် New Zone ၏အမည်ပေးရမည်။ Zone Name ပေးရာတွင် Domain Name အပြည့်စုံပေးရမည်။ ဥပမာ - Name :
www.wlan.com ဟုပေရမည်။ ထို့နောက် Next ကိုနှိပ်ပါ။
ထို့နောက် Zone File အားတည်ဆောက်ရမည်။ အသစ်တည်ဆောက်ပါက Create a new file with this file name ကိုရွေးရမည်။
ရှိပြီးသား File အား သုံးစွဲပါက Use this existing fileကိုသာ ရွေးရမည်။
ထို့နောက် Next ကိုနှိပ်ပါက Completing the New Zone Wizard ပေါ်လာပြီး Finish ကိုရွေးချယ်ပါကForward New Zoneတစ်ခု
တည်ဆောက်ပြီး ဖြစ်သည်။ထို့နောက် Domain Name ပေးထားသော Forward Zone Name အတွက် IP Addressဖြင့် Point လုပ်ပေးရသည်။
Forward ( Internet Domain Name to IP Number )
Forward Lookup Zone - တွင် DNS ထည့်သွင်းထားသော www.wlan.com အား Right Click နှိပ်ပါ။ New Host အားရွေးပါ။
New Host .Box တွင် Location : www.wlan.com သည်ဖြည့်သွင်းပေးပြီးဖြစ်သည်။ Name Box တွင် Parent Domain ကို သုံးစွဲသဖြင့်
ကွက်လပ်(Blank) သာထားရသည်။ IP Address နေရာတွင် Server ၏Address ဖြစ်သည့် 192.168.60.17 ကိုဖြည့်သွင်းရမည်။ပြီးနောက်
Create associated pointer Record ( PTR ) Check Box အား Tick လုပ်ပေးရသည်။ ထိုနောက် Add Host > Yes > OK > Done ကို
အဆင့်လိုက်ဆောင်ရွက်သွားရမည်။
အခြားအမည်တစ်ခု သတ်မှတ်ပေးပြီး ၀င်ရောက်ခေါ်ဆိုရန် ဆောင်ရွက်ပါက New Alias ပေးရမည်။ Parent Domain သည် www.wlan.com
ဖြစ်ပြီး Alias Name အား dagon အဖြစ်သတ်မှတ်ပေးခြင်း ဖြစ်သည်။Fully Qualified name for Target host : www.wlan.com
ဖြည့်သွင်းပြီးနောက် OK နှိပ်ပါ။
IP Number to Domain Name အသုံးပြုနိုင်ရန်အတွက်
Reverse Lookup Zone အား Right Click ပြုလုပ်ပြီး New Zone > Wizard > Next ကိုနှိပ်ပါ။ ထို့နောက် Zone Type ကိုရွေးပါ။
Zone Type တွင် Active Directory – integrated ? Standard Primary ? Standard Secondary များရှိရာ Standard Primary
ကိုရွေးချယ်ရမည်။ ထို့နောက် Next ကိုနှိပ်ပါ။
Reverse Lookup Zone တွင် Network ID အား 192.168.60.X အားဖြည့်သွင်းရမည်။ ယင်းနောက် Next ကိုနှိပ်ပါ။
ထို့နောက် Zone File အားတည်ဆောက်ရမည်။
ထို့နောက် Zone File အားတည်ဆောက်ရသည်။ အသစ်တည်ဆောက်ပါက Create a new
file with this file name ကိုရွေးရသည်။ ရှိပြီး File အား သုံးစွဲလိုပါက Use this existing file ကိုရွေးရသည်။
ယင်းနောက် Next ကိုနှိပ်ပါက Completing the New Zone Wizard ပေါ်လာပြီး Finish ကိုရွေးချယ်ပါက Reverse New Zone တစ်ခု
တည်ဆောက် ပြီးဖြစ်သည်။ ထို့နောက် IP Numbersပေးထားသော Reverse Zone Name အတွက် Domain Name ဖြင့် Point လုပ်ပေးသည်။
Reverse (IP Number to Internet Domain Name)
Reverse Lookup Zone အား Right click နှိပ်ပြီး Add Pointerကိုရွေးပါက New Resource
Record Box ပေါ်လာမည်။ မိမိညွှန်ပြလိုသော IPအား Pointer(PTR) Tab တွင် Host IP number: X .
X . X . 17နှင့် Host Name: www.wlan.com ကို ဖြည့်သွင်းပြီး OK နှိပ်ပါ။
Windows 2003 Server DHCP Tuning
ဒီတစ်ခါ သူငယ်ချင်းတို့ကို DHCP Server ထောင်နည်းလေးပြောပြမယ်။ ပြထားတဲ့ အဆင့်တွေအတိုင်း လိုက်လုပ်ကြည့်ပေါ့ဗျာ . . .ကဲ စကြစို့
ပထမဆုံး Start ထဲက Programs ထဲက Administrative Tools ထဲက DHCP ကို Click နှိပ်။ DHCP Server Windows ဆိုတဲ့ ဟာ
တက်လာလိမ့်မယ်။ အဲ့ဒီ့အခါ ကိုယ့်ရဲ့ Computer Name မှာ Right Click နှိပ်ပြီး New Scopeကို Click နှိပ်ရမယ်။ Welcome to the New
Scope Wizard တက်လာရင် Next လို့ပြော။
New
Scope Wizard IP Address Range မှာ ကိုယ်အသုံးပြုလိုတဲ့ Dynamic IP တွေ
ဖြည့်သွင်းရမယ်။ Subnet Mask ဒါမှမဟုတ် MaskBits တွေကို ဖြည့် ပြီးရင် Next
လို့ပြော
New Scope Wizard Add Exclusions တွင် DHCP Server မှ အသုံးမပြုလိုတဲ့ Excluded address range တွေ
ဖြည့်ရမယ်။ Specific Server IP အတွက်လည်း သုံးစွဲနိုင်ပါတယ်။
DHCP Server တွင် Dynamic IP များအတွက် Lease Duration သတ်မှတ်ပေးရသည်။ အချိန်သတ်မှတ်ချက်
သည် DHCP Server ရဲ့ အရေးကြီးသောအပိုင်းဖြစ်သည်။ IP အား အချိန်ပိုင်းအလိုက် အလိုအလျောက်ခွဲ
ဝေသတ်မှတ်ပေးသော အချိန်အား ရက်၊ နာရီ၊ မိနစ် စသည်ဖြင့် Administrator မှ လိုအပ်သလို ဆောင်ရွက်
နိုင်သည်။
New Scope Wizard Router ( Default Gateway ) တွင် မိမိအသုံးပြုထားသော Router သို့မဟုတ်
Gateway ရဲ့ IP Address အားဖြည့်သွင်းရမည်။
ယင်းသို့ဆောင်ရွက်ပြီးနောက်DHCP Service ပေးနိုင်ရန်အတွက် Action Menuမှ Authorize
လုပ်ပေးရသည်။ သို့မဟုတ် မိမိတည်ဆောက်ထားသော DHCP Server ပေါ်တွင် Right
Click ပေးပြီးPopup Menu မှ လည်း Authorize ဆောင်ရွက်နိုင်သည်။
ထိုအခါ DHCP Server ဆောင်ရွက်နေကြောင်း အနီရောင်သင်္ကေတမှ အစိမ်းရောင်သို့ ပြောင်းလဲဖော်ပြမည်
ဖြစ်ပြီးNetwork အတွင်း DHCP Service ရရှိနေပြီဖြစ်ပါသည်။
ISA server 2004
ISA server 2004 ကိုလေ့လာချင်သူတွေ အတွက်ပါဗျာ။
ကိုလပြည့်ရဲ့ site လေးပါ။ သွားလေ့လာကြပါ။ တော်တော်ကောင်းပါတယ်။
ရာမညဖိုးလပြည့်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment