ဒီပြဿနာ ဖြေရှင်းနည်းလေးကို Blog တော်တော် များများမှာ ရေးထားပြီးပါပြီ ကျနော့ Blog ထဲမှာလဲ အရင်က ရေးထားတာတွေရှိပါတယ် သေချာ ရှာမဖတ်ကြလို့ပါ..။ 
ဒီ Zawdyi Font ပြဿနာ
 လေးကတော့ ကွန်ပြူတာကို ကိုင်တတ် စ မှာ လူတိုင်းနီးနီး ကြုံဖူးကြမယ် 
ထင်ပါတယ်.. ကျနော် ကိုယ်တိုင်လဲ ကြုံခဲ့ဖူးပါတယ် Gtalk မှာဆိုရင် ရေးတော့ 
မြန်မာလို ပေါ်ပြီး Enter ခေါက် လိုက်မှ လေးထောင့်တုံးတွေ ဖြစ်သွားတာ... 
ပြီးတော့ Folder တွေကို မှတ်ရလွယ်အောင်ဆိုပြီး rename မှာ မြန်မာလို 
ရေးထားတာတွေဟာ စက်ထဲကို ဟိုဆော့ဝဲလ် သွင်း ဒီဆော့ဝဲလ် ထုတ် နဲ့ ကြာလာတော့ 
Zawgyi  မြန်မာ Font က မြန်မာ စာလုံးတွေ အစား ကွန်ပြူတာက နားမလည်တဲ့ 
လေးထောင့်တုံးတွေ ဖြစ်သွားတာမျိုးတွေပေါ့ ... ဒီပြဿနာလေးက ကွန်ပြူတာနဲ့ 
တော်တော် ကြာကြာ ရင်းနှီးနေတဲ့ လူ အတွက်တော့ ဘာမှ မပြောပ လောက်တဲ့ 
ပြဿနာလေးပေါ့ဗျာ...အဲ ဒါပေမဲ့ ခုမှ ကွန်ပြူတာကို စ ကိုင်တဲ့ 
လူတစ်ယောက်အတွက်တော့ မဟာပြဿနာကြီးပါ... .. 
ကျနော်
 ကွန်ပြူတာ စ ကိုင် စ က ဒီပြဿနာလေးကို  ကျနော့နည်း ကျနော့ဟန် နဲ့ 
ဖြေရှင်းကြည့်ဖူးပါတယ် အရမ်းလွယ်တယ်ဗျာ.....(ကြွတ်ကန်း ဆန်းအိုး 
တိုးသွားတာ) .....:D   အရင်က ဒေါင်းထားတဲ့ (ကျနော့ Blog ရဲ့ အပေါ်ဆုံး 
ညာဘက်ဘေးက ဇော်ဂျီ ပုံလေးတွေကို နှိပ်ပြီး ဒေါင်းလည်း ရပါတယ် 32bit or 
64bit) Zawgyi .exe ဖိုင်လေးကို
 ထပ် Run ပေးပြီး Restart ပေးလိုက်တာ စောစောက လေးထောင့်တုံးတွေ အားလုံး 
မြန်မာစာ တွေပြန်ဖြစ်သွားတယ်ဗျာ ဘာ့ကြောင့်လဲ ဆိုရင် အောက်ကပုံထဲက စာတွေကို
 သေချာ ဖတ်ကြည့်လိုက်ပါ..
(Zawgyi.exe ဖိုင်လေးကို Run လိုက်ရင် ပေါ်လာတဲ့ ပုံလေးပါ)
 Zawgyi က သူ့ပြဿနာ သူရှင်းသွားတာပါ...ကျနော် တော်လို့ မဟုတ်ပါဘူး...:D
 အဲ့ဒါကတော့ အလွယ်ဆုံး Gatalk  နဲ့  Internet Explore Browser က လေးထောင့်တုံး ပြဿနာ ဖြေရှင်းနည်း တစ်မျိုးပေါ့ဗျာ... ကွန်ပြူတာ ကိုင် စ လူတွေအတွက် တော့ ဒီနည်းလေးက အဆင်ပြေဆုံးပါ...ဟို Sitting ထဲဝင် ဒီနေရာကို နှိပ် ဟိုနေရာကိုနှိပ် လုပ်ပေးစရာမလိုဘူးပေါ့...:)... ဒီလိုလဲ ဖြေရှင်းလို့ရပါသေးတယ် 
  Internet Explore Browser မှာ
Tools > Internet Options > Fonts ထဲမှာ Zawgyi-One ကို ရွေးပေးလိုက်ရင်လဲ ရပါတယ်..။ ဒါကတော့ တဆင့်ချင်း သွားရတာပါ...။
Tools > Internet Options > Fonts ထဲမှာ Zawgyi-One ကို ရွေးပေးလိုက်ရင်လဲ ရပါတယ်..။ ဒါကတော့ တဆင့်ချင်း သွားရတာပါ...။
 ကြုံလို့ တခါထဲ ရေးလိုက်တာပါ... ဒီပို့စ်ရဲ့ အဓိက ရည်ရွယ်ချက်က ဒီပြဿနာကို ဖြေရှင်းဖို့ပါ...
( ကိုဝင်းရေ..
 win ရဲ့ HP laptop က မြန်မာ font နဲ့ ရေးထားတဲ့  ဖိုင်နာမည်တွေကို 
ဖတ်လို့မရတာ ဘာဖြစ်လို့ပါလဲ ရေးတာရော..ဖတ်တာရော  zawgyi   နဲ့ 
အဆင်ပြေပါတယ်..ဖိုင်နာမည်ပဲ မရတာ..ကူညီပါဦး)
desktop က လွတ်တဲ့ နေရာ မှာ Right Click နှိပ်ပြီး   Personalize > window color > Advanced appearance stting > Item မှာ  Icon ကို ရွေးပေးပြီး > Font မှာ Zawgyi-one ကိုရွေး... ပြီးရင် Apply > OK . 


No comments:
Post a Comment