ဆောပ်ဝဲလ်တွေကို Portable  လုပ်ချင်တယ်ဆိုရင်တော့ပေါ့ဗျာ ။
ပထမဆုံးပြောရရင် ... စက်ထဲမှာ WinR နဲ့ Universal Extractor အရင်ထည့်သွင်း Run ထားရမယ် ။Universal Extractor ကို ဒီမှာ ဒေါင်းလို့ရတယ် ။ မဟုတ်ရင်လည်း လိုက်ရှာလို့ရပါတယ် ။ မြန်မာဆိုဒ်တွေတော်တော်များများမှာ တင်ထားတာ တွေ့ရတယ် ။ ပြီးရင်တော့ လုပ်ငန်းစလို့ရပြီ ။
စတာပေါ့ဗျာ။ ပထမဆုံး New folder တစ်ခု ယူလိုက်ပါ ။ ဘယ်နေရာပဲဖြစ်ဖြစ် ။ ပြီးရင် Portable လုပ်ချင်တဲ့ ဆောပ်ဝဲလ်ကို အဲဒီထဲကို ထည့်လိုက်ပါ ။ ကျန်တာတွေ ထပ်မထည့်ပါနဲ့ ။ exe file တစ်ခုတည်းပဲ ထည့်ပါ ။ ပြီးရင် ... အဲဒီဆောပ်ဝဲလ်ထည့်ထားတဲ့ Folder ကိုလည်း ဆောပ်ဝဲလ်နာမည်အလိုက်ပြောင်းပေးလိုက်ပါဗျာ ။ ဥပမာ ခု ကျွန်တော်က Gtalk ကို လုပ်ပြတာဆိုတော့ Googletalk လို့ ပြောင်းထားတယ် ။ မိမိလုပ်တဲ့ ဆောပ်ဝဲလ်နာမည်အလိုက်ပြောင်းပေးပါဗျာ ။
ပုံကို ကြည့်ပါ

(ပုံကို ကောင်းကောင်းမမြင်ရပါက New tag ဖြင့် ဖွင့်ကြည့်ပါ ။ ကျွန်တော်ရဲ့ ဆိုဒ်စာမျက်နှာနဲ့ ကိုက်အောင် လုပ်ထားတာ မို့လို့ပါ ။ ။ )
ပြီးရင်တော့ exe file (portable လုပ်မယ့် ဆောပ်ဝဲလ်) ကို Right ကလင်ခ့်နဲ့ UniExtract Here ကို ရွေးပေးလိုက်ပါ ။ ခဏစောင့်ပေးလိုက်ပါ .... သူဖာသာသူ လုပ်နေလိမ့်မယ် ..... ပြီးတဲ့အထိစောင့်ပေးလိုက် ။
ပြီးရင်တော့ စောစောက exe file အပြင် နောက်ထပ် အပိုဖိုင်တွေ ရောက်လာလိမ့်မယ် ။ ပြီးရင် အဲဒီ exe file အပြင် အပိုရောက်လာတဲ့ ကောင်တွေကိုပါ ။ Select all လုပ်ပြီး တစ်ခုခုပေါ်ကို ထောက်ပြီး Right နဲ့ Add to archive ကို ရွေးပေးလိုက်ပါ ။ ဒါတော့ WinR သုံးသူများ သိပြီးသားပါနော် ။

           ပြီးရင်တော့ WinR နဲ့ လုပ်တဲ့နေရာမှာ တစ်ခါတည်း မအိုခေနဲ့ဦး... 
 နည်းနည်းပြင်စရာရှိသေးတယ်ဗျာ ။ ဘာတွေပြင်ရမလဲဆိုတော့......General က 
Create  SFX archive ကို အစက်ဖြည့်ပေးလိုက်ပါ ။ ကျန်သေးတယ်နော်  .........
( အစက်ကို ဖြည့်လိုက် ဖြုတ်လိုက် လုပ်ကြည့်ပါ ။ ဘာထူးလဲကို အောက်မှာ ပြောပြ ။ )

နောက်တစ်ခုက....General ပြီးရင် Advanced က SFX options ကို ဆက်ရွေးပေးလိုက်ပါ ။  ပြီးရင်း ရွေးစရာရှိပါသေးတယ် ။ 
ခု
 SFX options မှာ ရွေးရမှာတော့... General က  Create in Program Files ကို 
အစက်ထည့်ပေးလိုက်ပါ ။ ပြီးရင် အောက်က Run  after extraction မှာ 
မိမိဆောပ်ဝဲလ်နာမည်ကို ထည့်ပေးလိုက်ပါ ။  သိပ်အရေးပါပုံမထင် :)  
ထည့်ရွေးပေးဦးမယ် နည်းနည်းပဲကျန်တယ်.....
Advavced
 ကို ကျော်ပြီး Modes က Unpack to temporary  folder ကို 
အစက်ဖြည့်ပေးလိုက်ပါ ။ Silent mode က Hide all ကို  အစက်ပြောင်းပေးလိုက်ပါ ။
 နောက်ဆုံးတစ်ခုပဲကျန်မယ်....
Update
 က တစ်ခုတည်းပဲဗျာ ။ တစ်ချို့က ဒါက မရေးထားဘူး  ။ လုပ်စရာလည်း မလိုတဲ့ 
သဘောပေါ့ ။ ဒါပေမယ့် စုံအောင်... လုပ်ပေးတာပေါ့ ။  Skip existing files ကို
 အစက်ပြောင်းပေးပြီးတော့ အစက်ဖြည့်လိုက်ပြီး OK  လိုက်ပါ ။ ပြီးရင်လည်း 
ပထမဆုံး Box ကို ထပ်ပြီးတော့ OK လိုက်ပါ ။ ပြီးရင်  ခဏလေးစောင့်ပေးလိုက်ပါ ။
 Portable ကို လုပ်နေပါသဖြင့်.....
ပြီးရင်တော့ Gtalk Portable က ရောက်ရှိနေမှာ ဖြစ်ပါတယ် ။ Run စရာမလိုဘူး ။ အသင့်သုံးရုံတာ ရဲလ်ဒီမိတ်ပေါ့ 

No comments:
Post a Comment