ဒီအပိုင်းမှာ CD တွေ DVD တွေ အလွယ်နည်းနဲ့ ဘယ်လို
 ကူးရမလဲ ရေးထားပါတယ်။ စိတ်ဝင်စားကြ လိမ့်မယ်လို့ထင်ပါတယ်။ အရင်ဆုံး Start 
Menu အောက်က Nero Start Smart အောက်က Nero Start Smart Essential 
ကိုသွားလိုက်ပါ။


Nero
 Express Essential Windows ရဲ့ ဘယ်ဘက်မှာ Data ခွေလုပ်မှာလား၊ Music လား၊ 
Video ဒါမှမဟုတ် ရုပ်ပုံလား၊ Copy ကူးမှာလား ဆိုတာကို ရွေးလို့ရပါတယ်။ Data
 ခွေဆိုရင်တော့ Computer နဲ့ ပြန်ဖွင့်မှရမှာပါ။ Music ဒါမှမဟုတ် Video ခွေတစ်ခုခု ဆိုရင်တော့ Audio/VideoPlayer တွေနဲ့ ဖွင့်လို့ ရမှာပါ။ Copy Image/Project ကတော့ ခွေတစ်ခွေလုံးကို မူလခွေအတိုင်း ထွက်လာစေပါတယ်။
ဒီ
 အဆင့်မှာ ကိုယ်ကူးချင်တဲ့ ပုံစံကိုရွေးလိုက်ပါ။ ပြီးရင် ညာဘက်အခြမ်းကို 
ကြည့်ပါ။ CD ကူးမှာလား၊ DVD ကူးမှာလားဆိုတာကိုမေးပါလိမ့်မယ်။ CD လို့ 
ပြောခဲ့ရင် နောက်တစ်မျက်နှာမှာ CD နဲ့ ဝင်ဆန့်တဲ့ ပမာဏ ကိုပဲ ပြမှာပါ။ DVD ဆိုရင်တော့ DVD ပမာဏ အတိုင်းပေါ့။


Disc Content Page ကို ရောက်ပါပြီ။ ဒီ Page မှာ ကိုယ်လိုချင်တဲ့ Data တွေ၊ Music တွေ၊ Video တွေ၊ ပေါင်းထည့်လို့ရပါတယ်။ အပေါင်းလက္ခဏာနဲ့ Add
 ခလုပ်လေးကို နှိပ်ပြီးတော့ရွေး ရပါတယ်။ ကိုယ်လိုချင်တဲ့ Data/Music/Video 
တွေကို Source ကနေ သွားရွေးလိုက်ပါ။ Add လို့ ပြောခဲ့ပါ။

ကိုယ်က file တွေ folder တွေ
 ပေါင်းထည့်လိုက်တိုင်း  ပေတံလေးရဲ့ အစိမ်းရောင် ပမာဏပြည့်ပြည့် 
သွားတာကိုတွေ့ရပါမယ်။ ကိုယ့်ခွေရဲ့ပမာဏထက်ကို ပိုပြီးရွေးမိမယ်ဆိုရင် 
ပိုနေတဲ့ ပမာဏကို အနီရောင်နဲ့ ပြမှာဖြစ်ပါတယ်။

ကိုယ်လိုချင်တာတွေ
 ရွေးပြီးပြီဆိုရင်တော့  ညာဖက်အောက်ထောင့်က Next Button လေးကို 
နှိပ်လိုက်ပါ။ Burn Setting ကိုရောက်ပါလိမ့်မယ်။ Current Recorder မှာ 
မိမိစက်မှာ တပ်ဆင်ထားတဲ့ Drive ကိုရွေးပေးပါ။ Disc Name မှာ 
မိမိပေးချင်တဲ့ နာမည်ကို ရိုက်ထည့်ပေးလိုက်ပါ။Burn Setting ရဲ့ 
အောက်ဖက်နားမှာ Check Box လေးနှစ်ခုရှိပါတယ်။ အဲဒီ နှစ်ခုအနက်က Allow Files
 to be added later (Multission Disc) ဆိုတဲ့ Check Box လေး on ခဲ့ဖို့ 
မမေ့ပါနဲ့။
ပြီးရင်
 Burn Setting ရဲ့ ဘယ်ဘက်ထောင့်က မြှားလေးကို Click တစ်ချက်နှိပ်လိုက်ပါ။ 
Writing Speed ကို ပေါ်လာတဲ့ Box လေးမှာ ရွေးပေးလို့ရပါတယ်။ Speed သည် 8x 
ကနေ 48x အထိ ရွေးပေးလို့ရပါတယ်။ ရွေးပေးတဲ့ Speed များလေလေ DVD Drive 
ကအလုပ်လုပ်ရတာ များလေလေ မြန်မြန်စွမ်းရည်ကျလေလေ ဖြစ်နေမှာပါ။ 16x လောက်သည် 
အသင့်တော်ဆုံး Writing Speed ဖြစ်ပါတယ်။


Writing
 Speed ကို ရွေးပြီးပြီ ဆိုရင်တော့ Burn ဆိုတဲ့ ခလုပ်လေးကို 
နှိပ်ပေးလိုက်လို့ရပါပြီ။ ခွေအလွတ်တောင်းတဲ့အခါ ခွေအလွတ် ထည့်ပေးလိုက်ပါ။ 
Data ရှိပြီးသား ခွေထည့်ပေးမယ် ဆိုရင်တော့ Data တွေ 
ထပ်ပေါင်းထည့်မှာလားလို့ မေးပါလိမ့်မယ်။ OK လို့ ပြောလိုက်ပါ။
Recording
 စလုပ်ပါလိမ့်မယ်။ Burn ပြီးတဲ့အခါ Burn ပြီးသားခွေကို Drive က အလို 
အလျောက်ထုတ်ပေးပါလိမ့်မယ်။Screen မှာလည်း " Burn Process Completed 
Successfully " လို့ ပြောပါလိမ့်မယ်။ OK လို့ ပြောပေးလိုက်ပါ။ ပြီးရင် Next
 လို့ ပြောပါ။ Nero Window ကို ပိတ်လိုက်လို့ရပါပြီ။

အခုဆိုရင် မိမိတို့လိုချင်တဲ့ Data/ Music / Video တွေကို CD ထဲ Burn လို့ ပြီးပါပြီ။ နောက်တစ်ခါ ကူးတဲ့အခါ လွယ်ကူသွားပြီပေါ့။
ဒီဆော့ဝဲလ်လေးကို လိုချင်တယ်ဆိုရင် ကျွန်တော်ရဲ့ညီငယ် တစ်ယောက်ရေးတဲ့ ဒီဆိုက်လေးမှာ ဝင်ရောက် ဒေါင်းလွတ် ရယူနိုင်ပါတယ်။
No comments:
Post a Comment